Rakhita Times

စစ်တွေက ALP တပ်သား လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၂၃ ဇန်နဝါရီ ၂၀၂၆) စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာရှိတဲ့ ဒေါ်စောမြဇာရာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်သားတချို့ ထွက်ပြေးတာတွေ ရှိပေမယ့် လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်ဘူးလို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်တွေမှာရှိတဲ့ ALP တပ်ရင်း ၃
Read more

စစ်ရှောင်ကလေးနဲ့ သက်ကြီးရွယ်အိုအတွက် အထောက်အပံ့များ လိုအပ်

အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်ရှိ စစ်ရှောင်ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထောက်အပံ့များ လိုအပ်နေဆဲဖြစ်တယ်လို့ Arakan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အစား၊ ခြင်ထောင်၊ စောင် အစရှိတာတွေအပါအဝင် တခြားသော တကိုယ်ရည်လိုအပ်တာတွေကို ပရဟိတအသင်းအဖွဲ့တွေနဲ့
Read more

စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေ လိုက်တပ်နေ

အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေကို လိုက်လံ တပ်ဆင်နေတယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အရင်က CCTV တွေကို မြို့ထဲ လမ်းမတန်းတွေမှာပဲ တပ်ထားလေ့ရှိပေမယ့် အခုအခါမှာတော့ ရပ်ကွက်ထဲက လမ်းတွေမှာ လိုက်ပြီး တပ်ဆင်နေတာ
Read more

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးဖို့အတွက် မီတာတွေ လာကောက်နေ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) မိုခါမုန်တိုင်းပြီးကတည်းက လျှပ်စစ်မီးလုံးဝမရရှိတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ လျှပ်စစ်မီး ပြန်လည်ပေးဖို့အတွက် အိမ်တွေမှာ မီတာတွေ လာကောက်နေကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဲဒီလို လျှပ်စစ်မီးပြန်ပေးမယ်ဆိုတာက ကြံ့ခိုင်ရေးအဖွဲ့ အုပ်ချုပ်မှ ပေးမှာလားဆိုတာကိုတော့ မပြောတတ်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ “မီးတပ်ဖို့လို့
Read more

ပလက်ဝတွင် သိန်း ၂ ထောင် တန်ဖိုးရှိ သံဖြူများ မဆုံးရှုံးရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ ကူညီ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) ပလက်ဝခရိုင် ၊ ပလက်ဝမြို့ဆိပ်ကမ်းတွင် ဇန်နဝါရီလ ၁၈ ရက်က သိန်း ၂ ထောင် တန်ဖိုးရှိ သံဖြူတင်ဆောင်လာတဲ့ စက်လှေ ၁ စီး ရေနစ်မြုပ်ခဲ့တာကို မဆုံးရှုံးရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ “ ပလက်ဝခရိုင်ပါတီက
Read more

ကျောက်ဖြူ ချောင်းမြောင်တွင် တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ချောင်းမြောင်တကြောတွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ “ တပ်တော်က ထိုးစစ်ဆင်နေတာနေမယ်။ ချောင်းမြောင်ကျော်ရင်း သိုင်းချောင်းတို့ ပြီးတာနဲ့ သစ်ပုတ်တောင်ရေတပ်စခန်းလေ။ အဲတော့ ရေတပ်စခန်းကို တပ်တော် မရောက်အောင် စစ်တပ်က ဒရုန်းတွေနဲ့ ပစ်တာ တခါပစ်ရင် အနည်းဆုံး ဗုံး ၄ လုံးပဲ။ တောက်လျောက် လာကြဲနေတာ”  လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်နေလို့ စစ်ကော်မရှင်အနေနဲ့ တပ်ရင်းတွေအရှေ့မှာ အုတ်တံတိုင်းများနဲ့ ခြံစည်းရိုးများအပြင် ယခုအခါ  ခြံစည်းရိုး အသစ်အဖြစ် ကွန်ကရစ်တိုင်းများစိုက်ပြီး သံစူးကြိုးများကာရံကာ ကတုတ်ကျင်းများပါ ပတ်ပတ်လည် တူးဖော်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ ပြောရမယ်ဆိုရင် ကျောက်ဖြူမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာပေါ့။ ကျနော် သိသလောက်ဆိုရင် ကပ်သပြေနဲ့ သိုင်းချောင်းနားမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ကုလာဘာဘက်မှာလည်း ဖြစ်နေတယ်”  လို့ သူက ထပ်မံပြောပါတယ်။ အလားတူ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာရှိ ခမရ ၅၄၃ တပ်ရင်းနဲ့ ခမရ ၅၄၂ တပ်ရင်း ၂ ခုလုံး ပတ်ပတ်လည်တွင် သံစူးကြိုးနဲ့ ခြံစည်းရိုးခတ်နေတယ်လို့လည်း ဆိုကြပါတယ်။ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်ရဲ့ ခမရ ၅၄၃၊ ခမရ ၅၄၂၊ ခလရ ၃၄ ၊ ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်းနဲ့ အုန်းကျွိန်ရေတပ်စခန်းတို့ တည်ရှိပါတယ်။
Read more

စစ်တွေမှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့ တကျော့ပြန် တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်တွေဒေသခံ အများအပြားဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး နေရပ်စွန့်ခွါ တိမ်းရှောင်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ
Read more

စကမက စစ်သုံ့ပန်းများ နေရာကို ဗုံးကြဲ သေဆုံးသူများပြား

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၆) စစ်ကော်မရှင်က ယနေ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီဝန်းကျင်မှာ ယချောင်းတူ (ခ) ဆောင်းဒုံ  ကျေးရွာအနောက်ဘက် စစ်သုံ့ပန်းများ ထားတဲ့နေရာကို‌ ဗုံးကြဲခဲ့လို့ စစ်သုံပန်းများ ထိခိုက်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ ရက္ခိုင်ပြည်၊
Read more

မြောက်ဦးဆေးရုံအတွက် အရွယ်စုံ Arakanese Ladies က သိန်း ၁၅၀ မတည်၊ စုစုပေါင်း သိန်း တထောင်ကျော် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွက် အရွယ်စုံ Arakanese Ladies က သိန်း ၁၅၀ မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေ သိန်း တထောင်ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ မတည်ငွေ သိန်း ၁၅၀ အပြင် အလှူရှင်တွေ၊
Read more

အမ်းတွင် စစ်ကျန် ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၆) ရက္ခိုပြည်၊ အမ်းမြို့နယ်တွင် ဇန်နဝါရီလ ၁၉ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကျန်ဗုံးတလုံး ပေါက်ကွဲခဲ့လို့ ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ ဆော့ကစားရင်းနဲ့ ငှက်ပျော်ခင်းဖက်ရောက်သွားတာ။ အဲဒီမှာ စစ်ကျန်ဗုံးပေါက်ကွဲပြီး
Read more