မြောက်ဦးဆေးရုံအတွက် အရွယ်စုံ Arakanese Ladies က သိန်း ၁၅၀ မတည်၊ စုစုပေါင်း သိန်း တထောင်ကျော် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွက် အရွယ်စုံ Arakanese Ladies က သိန်း ၁၅၀ မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေ သိန်း တထောင်ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မတည်ငွေ သိန်း ၁၅၀ အပြင် အလှူရှင်တွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့အတူ ထိုင်ဝမ်အသင်း၊ USA , Indianapolis က ခါတော်မှီနှင့်အလှူမိတ်ဆွေသူငယ်ချင်းများ နဲ့ နိုင်ငံတကာမှ အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့တဲ့ စုစုပေါင်း အလှူငွေသိန်းပေါင်း (၁၃၄၀၇၄၈၉၉) ကျပ် ရရှိခဲ့တယ်လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။

ရက္ခိုင်ပြည်အတွက် လိုအပ်တဲ့အချိန်မှာ စိတ်စေတနာ အရင်းခံပြီး နွေးထွေးတဲ့ လက်အစုံနဲ့ စာနာမှုအတွက် ကျေးဇူးအထူးတင် ဂါရဝပြုကြောင်းလည်း အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။

အရွယ်စုံ Arakanese Ladies အနေနဲ့ ရက္ခိုင်ပြည် စစ်ဘေးရှောင်စခန်းရှိ မွေးကင်းစကလေးကနေ ၆ လသားအရွယ် နို့စို့ကလေးငယ်တွေအတွက် နို့မှုန့်အာဟာရတွေကိုလည်း လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။

အလားတူ စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ စောင်၊ မျက်နှာသုတ်ပုဝါ၊ အင်္ကျီ၊ ပုဆိုး နဲ့ ထမိန်တို့ကိုလည်း အလျင်းသင့်သလို့ လှူဒါန်းပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

ဝီရဌာနီက ဒေသခံတချို့ စစ်ကောင်စီတပ် လေကြောင်းရန်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရ

ရွေးတုတပ်ရဲ့ လက်နက်ကြီးကြောင့် ရသေ့တောင်မှာ သားအမိ နှစ်ယောက်သေဆုံး

မိုင်းယု ၁၀၅ မိုင်မှာ ညီနောင်မဟာမိတ်အဖွဲ့ ဘောလုံးပြိုင်ပွဲပြုလုပ်