Life Style

ULA/AA၊ အာရက္ခပြည်သူများနဲ့ ပဉ္စသိင်္ခနတ်စောင်းသံ

“အကဲစမ်းတယ်” ဆိုတဲ့စကားကို နေရာအတော်များများမှာ ကြားခဲ့ဖူးပါတယ်။ ဒီစကားရဲ့ အနက်ဟာ လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်တဲ့သဘောမှာ ရှိနေပါတယ်။ မြတ်စွာဘုရားရှင်ဟာ လောကအလင်းကို သိမြင်နိုင်မယ့် ရွှေဉာဏ်တော် အလင်းပွင့်ဖို့အတွက် ပဉ္စသိင်္ခနတ်သားရဲ့ ဗေလုဝနတ်စောင်းသံကို နားဆင်ခဲ့ရပါတယ်။ ပဉ္စသိင်္ခနတ်သားဟာ သူ့ရဲ့ ဗေလုဝနတ်စောင်းကို ပိုက်ပြီးတော့ တင်းလွန်းပြီး မာထန်တဲ့အသံ၊
Read more

မီးလောင်မြေသို့ သွားရောက်ခြင်း

နီရ- ရေးသားသည်။ အချိန်ကာလ မြစ်ရေဟာ မရပ်မနား ဖြတ်သန်း စီးဆင်းသွားခဲ့ပြီ…။ ကျနော်ဟာ အလယ်တန်းကျောင်းသား မဟုတ်တော့သလို အဲဒီရွာကလေးဟာလည်း အရင်လို အကောင်းပကတိအတိုင်း မရှိတော့ပြီ။ စစ်အတွင်းမှာ မီးလောင်မြေလုံးလုံးဖြစ်ခဲ့ရပြီ။ (၁) တပေါင်းနေရဲ့ စူးရဲပူပြင်းတဲ့ တံလျှပ်တွေဟာ ရွာကလေးရဲ့အပေါ်မှာ ဖြန့်ကျက်ကျဆင်းနေတယ်။ အဲဒီတံလျှပ်အပူငွေ့တွေ ဖြာဆင်းနေတဲ့ ရွာအဝင်လမ်းထိပ်
Read more

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၈) *** ဌေးဝင်း *** ဆရာကြီးဆုံးပြီး နောက်တရက်မှာ ကြောင်ဒေါင်း (ခ) ကျော်သောင်းဆိုတဲ့ လူမိုက်တယောက်က “ဘာဖြစ်လဲ ဒီဆရာကြီး။ ဒီဆရာကြီး သေသွားလို့ ဘာဖြစ်လဲ။ ငါတို့အတွက် ဒီဆရာကြီးက ဘာကောင်းကျိုး ရှိလို့လဲ။ အဲဒီဆရာကြီး ထောင်ထဲဝင်လာတုန်းကလည်း ငါတို့အတွက်
Read more

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ပထမပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၈) *** ဌေးဝင်း *** စစ်တွေထောင်ထဲမှာ ငါကိုယ်တိုင် ဦးဆောင်ပြီးလုပ်ခဲ့တဲ့ လှုပ်ရှားမှုတခု ရှိခဲ့တယ်။ အဲဒါကတော့ ဆရာကြီး ဦးဦးသာထွန်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုပါ။ ဆရာကြီး ထောင်ထဲရောက်‌တော့ ထောင်အာဏာပိုင်တွေက ဆရာကြီးကို ငါအရင်နေခဲ့ရတဲ့ တစ် တိုက်မှာထားတယ်။ ဆရာကြီးရှိတဲ့
Read more

ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

တာပလု ချင်းတွင်းမြစ်က မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ဖြစ်ပြီး အလျားမိုင် ၇၅၀၊ ကီလိုမီတာ ၁,၂၀၀ ခန့် ရှည်လျားတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊
Read more

အာရက္ခပြည်နှင့် ပြည်ထောင်စုစစ်တမ်း

သွေးစွန်းသွားသော အထိမ်းအမှတ်နေ့ရက်များ ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့မတိုင်မှီ တရက်အလို အကြိုနေ့က ဖြစ်သည်။ အာရက္ခပြည်နှင့် မကွေးတိုင်းအစပ်ရှိ မင်းဘူးမြို့နယ်၊ ပြောင်းကျေးရွာကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရက္ခိုင်အရပ်သားပြည်သူနှင့် ကုန်သည်ပွဲစား အနည်းဆုံး (၂၀) အထက်ကို သေဆုံးခဲ့ပြီး
Read more

စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ဒုတိယပိုင်း)

အာရက္ခအားမာ် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇) ဌေးဝင်း “ထောင်တထောင်လုံးမှာက ကျနော်တို့ ခြေမကျတဲ့နေရာမှ မရှိတာ ကိုကျော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဝန်းကျင်တိုင်းကို ဝင်တယ်လေ။ အဲလိုဝင်ဝင်ပြီး ထိုးဖောက်တဲ့အခါ အကျဉ်းသားထုထဲမှာ ကာလာတွေ လုပ်ငန်းစဉ်တွေ တူသွားရင် ညီညွတ်သွားတာဘဲ ကိုကျော်။ ကျနော်တို့ စည်းရုံးတာက အစားအသောက်တွေနဲ့
Read more

မြစ်ဝကျွန်း‌ပေါ်အရပ်မှာ ရေရှားနေပြီလား

တာပလု မြစ်ဝကျွန်းပေါ်အရပ်ဟာ ရေတွေဘောင်းလံ၊ ဘောင်းလျှံရှိတဲ့အရပ်၊ ရေလမ်းခရီးကိုပဲ အားထားရတဲ့အရပ်၊ ရေဆိုတာ အိမ်အောက်ဆင်းလိုက်တာနဲ့ ရေချိုရနိုင်တဲ့ အရပ်ဒေသတခု ဖြစ်ပါတယ်။ လှေမရှိရင် တအိမ်နဲ့ တအိမ် ကူးလူးသွားလာဖို့ အဆင်မပြေပါဘူး။ ရွာ သာရေး၊ နာရေး ကိစ္စရပ်တွေနဲ့ ကလေးတွေ ကျောင်းသွားဖို့အတွက်ပါ လှေ၊ စက်လှေတွေကို အဓိကအားထား
Read more

စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ပထမပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇) *** ဌေးဝင်း *** စစ်တွေထောင်ဆိုတာ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်အရ (က) အဆင့် ထောင်ဖြစ်တယ်။ အကျဉ်းသား ထောင်နဲ့ချီကို ချုပ်နှောင် အကျဉ်းချထားနိုင်တဲ့ နေရာပေါ့။ ဒီထောင်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ထောင်။ ဒီထောင်တွင်းမှာ အချုပ်ဆောင် ၂
Read more

မရဏနာရီ (ဒုတိယပိုင်း)

  အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)   ဌေးဝင်း အသားက ခပ်ညိုညို။ အရပ်က နည်းနည်း မြင့်မြင့် ဆံပင်ကတော့ ထောင်ပုံစံ တိုနံ့နံ့နဲ့။ အမိန့်ချ မခံရသေးတော့ အရပ်ဝတ်အင်္ကျီ ရှပ်လက်ရှည် ကွက်ကြားကြီးကို လက်ခေါက်ပြီးဝတ်ကာ လုံချည်ကို လယ်သမားတွေ ဝတ်သလို ခပ်တိုတိုဘဲ ဝတ်ထားတယ်။ လက်မှာလည်း ခြင်္သေ့သုံးကောင် ဖက်ကြမ်းဆေးပေါ့လိပ်ကို ညှပ်ထားပြီး တချက်ချက် အားရပါးရ ရှိုက်ဖွါလိုက်သေးတယ်။ သူက ဆက်ပြောတာက “ဒီလို အတော်လေး ခေါင်းပေါ်ထဲကဆိုတော့ နေရာတကာတိုင်းမှာ ပါတယ်။ မရောက်တဲ့ နေရာမရှိ။ ကုလားပြဿနာ ဖြစ်တော့လည်း ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ဖိုးတက်ကြွ ကျနော် ပါသွားပြန်ရော။ ရှစ်လေးလုံးက ရန်ကုန်မှာ ရှစ်ရက်နေ့ (၈. ၈. ၈၈) မှာ ဖြစ်ပေမဲ့ စစ်တွေမှာတော့ ၉ ရက် ဩဂုတ်လမှာဘဲ စဖြစ်တာ။ ချိန်းထားတဲ့နေရာမှာ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို မထူဝံ့ဘဲ ဖြစ်နေကြတယ်။ ကျနော်က ငါ ထူတယ်ကွာဆိုပြီး အလံကို ဝါးလုံးမှာချိတ်ဆွဲပြီး မြို့နယ်ကောင်စီရုံးရှေ့က အလံတိုင်မှာ သွားတင်ပေးခဲ့တာ”   “အေး ငါ ယုံတယ်။ သိန်းအောင်ကျော်က ရဲတယ်။ သတ္တိရှိတယ်ဆိုတာ ကရာတေး ကစားတဲ့အခါမှာလည်း ငါတို့ မြင်တွေ့နေကျဘဲလေ” “အမှန်ကတော့ ရဲတာ သတ္တိရှိတယ်ဆိုတာက အမျိုးသားရေးဆိုတဲ့ စိတ်သန္ဓေက ကျနော့်ရင်ဘတ်ထဲမှာ အမြဲတမ်း ကိန်းအောင်းနေတယ်။ မခံချင်စိတ် ရှိတယ်ပေါ့။ အမြဲတမ်း တွန်းလှန်ချင်စိတ်။ တော်လှန်လိုစိတ် ရှိနေတာ။ လူငယ်အများစုကလည်း တခုခုဖြစ်ရင် ကိုသိန်းအောင်ကျော် ကျနော်တို့ ဘာလုပ်ရမလဲ လာလာပြီး မေးကြတယ်။ တိုင်ပင်ကြတယ်။ ကျနော့်ညီ သူငယ်ချင်း ညီမရဲ့ သူငယ်ချင်းတွေကအစ။ ဒါ့ပြင် ကျနော့်အကိုလတ်ရဲ့ သူငယ်ချင်းတွေကပါ အားလုံးက ကျနော့်သူငယ်ချင်း ဖြစ်နေတယ်။ ကုန်ကုန်ပြောရရင် ဈေးက ပွဲစားလောကထိ။ ငါးဈေးတန်းထိ။ ကျနော့်ကို သိကြတယ်။ ကျနော့်အဖေကလည်း ဟိုတုန်းက ပြောက်ကျားတွေကိုး။ မိဘက ပြောက်ကျားတွေဆိုတော့ ဒီအသွေးအသား ခံယူချက်တွေက ကျနော့်ရဲ့ သွေးထဲမှာ ဖျောက်ဖျက်မရဘူး။ ဆက်လက်စီးဆင်းနေတာပေါ့။ အာဏာပိုင်အစိုးရကို မကျေနပ်တာကို သိတယ်။ နေရင်းထိုင်ရင်း အလိုလိုကို မကျေမနပ်ကို ဖြစ်နေတာ။ ကိစ္စတခုခု ပေါ်လာပြီဆိုရင် ဥပမာ မင်းပြားကိစ္စ ဖြစ်တုန်းကဆို ကျနော်ဟာ ဆိုက္ကားသမားကိုလည်း ကျနော်ဟောတာဘဲ။ မြေအောက်သမားတွေနဲ့ ကျနော် အဆက်အသွယ်ရှိလားဆိုတော့ မရှိဘူး။ မရှိ‌ေပေမဲ့ ယူဂျီထဲမှာ သူငယ်ချင်းတွေ ရှိနေကြပြန်တယ်။ ဥပမာ ကိုကျော် ယူဂျီလုပ်နေတာကို ကျနော်မသိတာမျိုးပေါ့။ ရှစ်ဆယ့်ရှစ်မှာ လျှို့ဝှက်လုပ်က်တဲ့ အစည်းအဝေးဆိုလည်း ကျနော်ပါတာဘဲ။ အဲဒီလို။ အဲဒီလို ဖြစ်နေတာ” “ငါတို့ မြေအောက်ယူဂျီအလုပ်ဆိုတာကလည်း လူမသိအောင် ခြေသံလုံအောင်နေနိုင်မှ ရှင်သန်နိုင်တာကိုး။ ခု ငါ့ဘဲကြည့်လေ. ကိုယ့်လုပ်ဖော်ကိုင်ဖက်က အင်ဖော်မာဖြစ်နေတော့ ဂျေးအောင်းရတာဘဲ မဟုတ်လား သိန်းအောင်ကျော်။ ငါတို့မှာက ရန်သူဆိုတာ ကိုယ့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတတ်လို့ ကိုယ့်အရိပ်ကိုယ်တောင် သံသယနဲ့ကြည့်ပြီး လှုပ်ရှားရတဲ့ အလုပ်မျိုးလေ။ ဒါနဲ့ ငါ့ညီတို့က ရှစ်လေးလုံးကာလမှာ ဘယ်လိုဘယ်လို ဒီအမှုက ဖြစ်ရတာလဲ”   “ပြောရရင် ကိုကျော်ရေ။ အဲဒီနေ့ ဝင်္ကဘာကွင်းမှာ တရားပွဲဖြစ်တယ်။ အဲဒီနေ့အခြေအနေက စစ်တွေတမြို့လုံးက ဆန္ဒပြနေကြတာကိုး။ ကျနော်တို့လည်း ဦးဆောင်အဖွဲ့မှာ ပါတာ‌ပေါ့လေ။ ဒီတော့ ဘယ်နေ့ ဘာလုပ်မယ်။ ဘာအစီအစဉ် လုပ်မယ်ဆိုတာတွေကို စီစဉ်ရတဲ့ ကော်မတီဝင်ပေါ့။ ဘာမှမဆိုင်တဲ့ အပြင်လူတော့ မဟုတ်ဘူးပေါ့။ သပိတ်ကော်မတီမှာက ထောင့်စုံက ပါကြတယ်ပေါ့။ ဘုန်းကြီးတွေ ကျောင်းသားတွေ အရပ်ထဲက တက်ကြွလူငယ်တွေ နိုင်ငံရေးသမားတွေ အစုံပါကြတယ်။ သူ့စစ်ကြောင်းနဲ့သူ ဝင်္ကဘာကွင်းကို ဦးတည် ချီတက်ကြတယ်။ လူကြီး လူငယ် လူလတ် အလွှာစုံ ချီတက်ကြတာ။ အရမ်းစည်တယ်။ စည်ရတာက အဲဒီနေ့က အထွေထွေသပိတ် ပြုလုပ်တဲ့နေ့။ (၂၅. ၈. ၈၈) ရက်နေ့ပေါ့။ မြို့နယ်ပေါင်းစုံက လာစုကြတာ။ ရသေ့တောင်က မြအေးသိန်းတို့ ဘာတို့ လာတဲ့နေ့ပေါ့။ ရက္ခိုင်ပြည်မြောက်ပိုင်းက သပိတ်စုံ လာဆုံကြ စုကြတဲ့နေ့ပေါ့။ အဲဒီမှာ ကျနော်က အခမ်းအနား ပြင်ဆင်ရေးမှာပါတယ်။ မိုက်တွေ ဆင်ရတယ်။ ပြီးတော့ လုံခြုံရေးဘက်လည်း ဝင်ပါရတယ်။ ကြိုတင်လာပြီးတော့ လုပ်စရာရှိတာ လုပ်ကြရသူတွေပေါ့။ ကျောက်တိုင်အောက်ကနေ လုံခြုံရေးယူထားတယ်” “အင်း.. ကရာတေးသမား လက်ဝှေ့လည်းထိုးတတ်သူ လုံခြုံရေးတာဝန်ယူတာ ကောင်းတာပေါ့ သိန်းအောင်ကျော်။ ဒါနဲ့ ဘာတွေများ ထူးထူးခြားခြား ကြုံခဲ့ရလဲ ကွ”   “ထူးပြီလား ကိုကျော်ရေ… ထူးသမှ ထူးလွန်းလို့ ခုလို ထောင်ထဲ ရောက်သွားတာပေါ့ဗျာ”   “အေး.. စိတ်ဝင်စားစရာဘဲ။ ငါ့ကို ပြောပြပါလား” “အေးလေ. ကိုကျော် စိတ်ဝင်စားရင် ပြန်ပြောရတာပေါ့”   လို့ ဆိုရင်း သိန်းအောင်ကျော်သည် သူ့လက်ထဲက ဆေးပေါ့လိပ်ကို ပါးစပ်ထဲထည့်ကာ အားပါးတရ ဖွါရှိုက်လိုက်တယ်။ ဆေးလိပ်သမားဆိုတာကလည်း သူတို့အတွက် ဒီဆေးလိပ်အငွေ့လေး တရှိုက်ဟာ သူတို့ရဲ့ ခွန်အားကို ဖျတ်ကနဲ လန်းဆန်း လတ်ဆတ်သွားကြသလား မသိ။ ငါလည်း သူ စတင်ပြောလာမဲ့ စစ်တွေမြို့မှာ ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံးသမိုင်းထဲက ရုပ်ပုံလွှာ အပိုင်းအစတခုကို ကြားချင်စိတ်နဲ့ ငံ့လင့်နေခိုက်။ သိန်းအောင်ကျော်ကိုယ်တိုင်ကလည်း သူ့မီးခိုးငွေ့‌နောက်မှာ သူ့အတွေးများ လိုက်ပါသွားသလား ထင်ရလောက်အောင် ငြိမ်သက်သွားတယ်။ ဘုရားဝင်းတခုလုံးလည်း လေတိုးသံ သဲ့သဲ့။ ပတ်ဝန်းကျင်က ငှက်တို့ရဲ့ အသံတချို့ကို ကြားနေရ။ ခပ်လှမ်းလှမ်းက အကျဉ်းသားတွေရဲ့ စကားပြောသံတွေကို ကြားနေရသော်ငြား ငါနဲ့သူ နှစ်ယောက်ကြားမှာ သမိုင်းတခုကို မကြားရခင် ကြီးမားသော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းထားတယ်။ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ   “အဲဒီအချိန်မှာ လူကြီးတယောက်က လာပြောတယ် ကိုကျော်။ ဟေ့ကောင်တွေ မင်းတို့ သတိဝိရိယနဲ့ လုပ်ကြ။ ငါတို့ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်နေတာ ငါတွေ့ခဲ့တယ်။ သူတို့ အထိုင်ချတဲ့ နေရာက ဝင်္ကဘာကွင်းနဲ့ မျက်နှာချင်းဆိုင် လမ်းထောင့်က အိမ်မှာဘဲလို့ လာပြောတယ်။ ဒါကြောင့် သပိတ်အဖွဲ့က အဲဒီထောက် လှမ်းရေးတွေနဲ့ သွားပြီးဆွေးနွေးတယ်။ သူတို့ စတည်းချတဲ့အိမ်ကို တက်သွားပြီး ဆွေးနွေးတာပေါ့။ ခင်ဗျားတို့ အဲသလိုမလုပ်နဲ့။ ပြည်သူတွေ ကြောက်သွားအောင် မလုပ်ကြနဲ့။ ဘာညာပေါ့” ဒါကို ပြည်သူတွေက သိသွားတယ်။ သိသွားတော့ အဲဒီအိမ်ကို လူတွေက သွားဝိုင်းကြတယ်။ အိမ်ကလည်း လမ်းထောင့်မှာ ရှိတယ်။ ထောင့်ဆိုတော့ သူတို့လည်း ချက်ချင်း ပြေးလို့မလွတ်နိုင်ဘူး။ သပိတ်ကော်မတီက သူတို့ကို ပြောတာက “မင်းတို့ လူထုကို ဝန်ချတောင်းပန်လိုက်ပါ” လို့ ဆွေးနွေးညှိနှိုင်းတာကို သူတို့က ဖောလျှောလုပ်ပြီး ခေါင်းညိတ်တယ်။”   “ကျနော်ကိုယ်တိုင်လည်း အဲဒီအိမ်ရဲ့ ဝရံတာက ထွက်ပြီး ဒေါသထွက် ဆူညံပွက်နေတဲ့ လူအုပ်ကြီးကို စိတ်ထိန်းကြဖို့နဲ့ ကျနော်တို့ သပိတ်တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နိုင်ဖို့ ဟစ်အော်ပြီး လူထုကို ပြောခဲ့တယ်။ အဲလိုပြောပြီး အိမ်ထဲကို လှည့်အဝင် ကျနော့်ခေါင်းကို တည့်တည့်မတ်မတ်ကြီး အုတ်ခဲကျိုးပိုင်းတလုံး လူအုပ်ထဲက ပစ်တာကို ခံလိုက်ရတယ်။ လေသံကို ဝှစ်ကနဲ ကြားပြီး ရှောင်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးထက်အလျင် ကျနော် မာလကီးယားမလားဘဲ ကိုကျော်ရေ”  “ဆိုတော့ ငထောက်တွေက ကျနော်တို့ကို ဖေါလျှောလုပ်ပြီး အိမ်အောက်ကို ဆင်းသွားကြတယ်။ အိမ်ကို ဝိုင်းထားတဲ့ လူထုကလည်း မကြေမနပ်နဲ့ ပေါက်ကွဲနေကြစဉ်မှာ ငထောက်တွေက ထွက်ပြေးကြတော့ လူထုက ဆွမ်းကြီးလောင်းတာ ခံလိုက်ရတာဘဲ ကိုကျော်။ ကျနော်တို့က သတ်ပစ်ဖို့ဆိုတဲ့ အကြံအစည် ရှိတာမဟုတ်ဘူး။ သူတို့ဘာသာသူတို့ ထွက်ပြေးလို့ လူထုက ဝိုင်းသမတာကို ခံလိုက်တာမျိုးပါ။ လူထုက သိသွားချိန်မှာ ကျနော်တို့က ကာပေးသေးတယ်။ မလုပ်ကြပါနဲ့။ ဒီလိုသွေးစွန်းတယ်ဆိုတာ မကောင်းဘူး။ ငါတို့ ဒီပွဲကို အေးအေးဆေးဆေးနဲ့ ဖြစ်ချင်တယ်။ ဆန္ဒပြတာကို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ချင်တာ။ ဒီလို မလုပ်ကြပါနဲ့လို့ တားပါသေးတယ်”
Read more