အကြမ်းဖက်စစ်တပ်က ပုဏ္ဏားကျွန်းနဲ့ ပေါက်တောကို ထပ်မံဗုံးကြဲ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၅) အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ ဒီနေ့ နေ့လယ် ၂ နာရီကျော်အချိန်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ပေါက်တောမြို့တို့ကို ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာမှ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားသလို ပေါက်တောမြို့မ (အ.ထ.က) စာသင်ကျောင်းအနီးကိုလည်း ဗုံးကြဲခဲ့မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရှိရပါတယ်။
Read more