မိဘမဲ့ ကလေးများကို ဆက်သွယ်အပ်နှံပေးရန် AYDI ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်က မိဘမဲ့ကလေးများကို တွေ့ရှိပါက ဆက်သွယ်အပ်နှံပေးပါရန် အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်း က နိုဝင်ဘာလ ၆ ရက်တွင် တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်ပွဲဒဏ်ကြောင့် မိဘမဲ့ အသက် ၁၀ နှစ်အောက် ကလေးများကို အသက် ၁၈ နှစ်အထိ ကျန်းမာရေး၊ ပညာရေး၊ ဘဝရပ်တည်ရေးအတွက် အခမဲ့ တာဝန်ယူ ပြုစုပျိုးထောင်သွားမယ်လို့လည်း သိရပါတယ်။

“ ရက္ခိုင်ပြည်အတွင်း မိဘမရှိတဲ့ ကလေးငယ်တိုင်း လုံခြုံအေးချမ်းတဲ့ ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာရှိရှိ ပညာသင်ယူရန်နဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပြီး မိမိကိုယ်တိုင် ဘဝကို အဆင့်အတန်းရှိရှိ ဖန်တီးတည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး ဒီကျောင်းကို တည်ထောင်ဖွင့်လှစ်တာ ဖြစ်တယ်” လို့လည်း သိရပါတယ်။

အဆိုပါ အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းကို ကွယ်လွန်သွားပြီဖြစ်တဲ့ အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးမှူးဖြစ်သူ ဦးဦးလှစော ဦီးဆောင်လမ်းညွှန်မှုကြောင့် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်း စတင်တည်ထောင်ချိန်ကို ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့ ညနေ ၆ နာရီတွင် အတည်ပြုခဲ့ကြပြီး ဦးဦးလှစောဟာလည်း မေလ ၅ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ကွယ်လွန်ခဲ့ပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

AA ထောက်ပို့ဆိုပြီး အမတ ၃၆၈ က တပ်ရင်းမှူးကို စစ်လော်ဘီတွေ အရေးယူခိုင်းနေ

ကျောက်ထုနယ်မြေကို စကမက စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနိုင်

6 Comment

Casino_ewkt မတ် 13, 2026 - 10:56 ညနေ

Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
Pinco Casino
Каждый игрок получает качественный сервис и поддержку.

Kazino_xdmt မတ် 16, 2026 - 8:44 ညနေ

Отличный вариант для вечернего отдыха http://controlcenter.kr/bbs/bbs/board.php?bo_table=free&wr_id=20542

RichardTax မတ် 24, 2026 - 7:46 မနက်

I’ve been reviewing https://dragonia-casino-24.fr/ mostly for slot catalogs, welcome bonuses, and how smooth the games feel.

Casino_cokt မတ် 26, 2026 - 4:08 မနက်
Camerontub မေ 2, 2026 - 2:30 မနက်

Clairement jai vu le poker via jackpot https://www.friend007.com/read-blog/307507 cest plutot bien ca vaut le coup

Add Comment