မတ် 2026

ရက္ခိုင်ကိုပို့ရန် အာလူးတင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်း

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆) ရက္ခိုင်ပြည်ကို တင်ပို့ရန် ဘင်္ဂလားဒေ့ရှ်ကနေ အာလူးတင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့ထုတ် ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြပါရှိပါတယ်။ မတ်လ ၁၉ ရက် နေ့လည်းပိုင်းတွင် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ နိုအာခါလီခရိုင်၊ ဟတီယာကျွန်းအနီးရှိ
Read more

ရသေ့တောင်တွင် ၃ ရက်အတွင်း မိုင်းအလုံးရေ ၂၀၀ ခန့် AA ရှင်းလင်း

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆) ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်တွင် ၃ ရက်အတွင် မြေမြှုပ်မိုင်း အလုံး ၂၀၀ ခန့်နဲ့ စစ်ကျန်ဗုံးသီး အချို့ကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ “ ၁၇ ရက်ကနေ ၁၉ ရက် အတွင်း မြေမြှုပ်မိုင်း ၁၉၆
Read more

ရက္ခိုင်ပြည် လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ ရာထူးကို ကြံ့ဖွံ့ယူ

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆) ရက္ခိုင်ပြည်လွှတ်တော် ပမထပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီကနေ့မှာ စတင်ကျင်းပခဲ့ပြီး လွှတ်တော်ဥက္ကဌ နဲ့ ဒုဥက္ကဌရာထူးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယူသွားတယ်လို့ သိရပါတယ်။ လွှတ်တော်ဥက္ကဌရာထူးကိုတော့ စစ်တွေမဲဆန္ဒနယ်အမှတ် (၂) က ဒေါက်တာစန်းရွှေက ယူသွားပြီး ဒုဥက္ကဌရာထူးကိုတော့ မြေပုံမဲဆန္ဒနယ်အမှတ် (၂) က
Read more

အကျအဆုံးများနေတဲ့ သိုင်းချောင်းတိုက်ပွဲကို စကမက အင်အား ၄၀၀ ကျော် ထပ်ဖြည့်

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် သိုင်းချောင်းနဲ့ မင်းပြင်အနီးကတိုက်ပွဲတွင် အကျအဆုံးများနေတဲ့အတွက် စစ်ကော်မရှင်က အင်အား ၄၀၀ ကျော် ထပ်မံဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။ “ ၁၆၊ ၁၇ မှာ စစ်တပ်က စစ်ကြောင်းထိုးတယ်။ တပ်တော်ဖက်က တန်ပြန်တိုက်စစ်ဆင်တော့ ပြန်ဆုတ်တယ်။ ပြန်ဆုတ်တာမှာ
Read more

ဒီဇင်ဘာလ ၂၂ ရက်ကို မြိုအမျိုးသားနေ့အဖြစ်လက်ခံပြီး ကျန်နေ့မှာ ပြုလုပ်တဲ့ မည်သူကိုမဆို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမယ်

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆) မြိုအမျိုးသားနေ့အဖြစ် ဒီဇင်ဘာ ၂၂ ရက်နေ့ကိုသာ လက်ခံသတ်မှတ်ပြီး ကျန်တဲ့နေ့တွေမှာ ကျင်းပတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကမ္ဘာတည်သရွေ့ ကန့်ကွက်ရှုတ်ချပြီး သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမယ်လို့ မြိုတက္ကသိုလ် ကျောင်းသူကျောင်းသားများအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းမှ
Read more

စစ်တွေမြို့မှာ အပေါဆုံးက အရက်ဆိုင်တွေဖြစ်လာနေ

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆) ရက္ခိုင်ပြည်၊ စစ်တွေမြို့က ဒေသခံလူထုတွေဟာ အလုပ်အကိုင်ရှားပါးပြီး အဆင်မပြေသူများကာ စားဝတ်နေရေး အဆင်မပြေကြပေမယ့်လည်း အရက်ဆိုင်တွေ အပေါဆုံးဖြစ်လာနေတယ်လို့ စစ်တွေ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “စစ်တွေမှာ အပေါဆုံးက အရက်တွေပါပဲ။ အရက်တွေ ကောင်းကောင်းသောက်ကြတယ်လေ။ ပြီးရင် ဆိုင်တိုင်းဆိုင်တိုင်းမှာ ပရိုမိုးရှင်းချလို့တမျိုး
Read more

သံတွဲမှာ မိုင်း တက်နင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆) ရက္ခိုင်ပြည် သံတွဲမြို့နယ်တွင် မတ်လ ၁၈ ရက် မနက် ၇ နာရီခန့်က စစ်ကော်မရှင်တပ် ထောင်ထားခဲ့တဲ့ မိုင်းတလုံး တက်နင်းမိလို့ စစ်ရှောင်အမျိုးသားတဦး ခြေတဖက် ပြတ်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ မောင်ရွှေလေးရွာကနေ မော်ရုံရွာမှာ စစ်ရှောင်လာနေတာ၊ မော်ရုံတောင်ကို
Read more

ကျောက်တော်တွင် ကျောင်းသူ ၁ ဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးရှိ ကုလားတန်မြစ်အတွင်း ရေချိုးဆင်းတဲ့ ကျောင်းသူ ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ ညနေ ၅ နာရီလောက်မှာ အဝတ်လျှော်ဖို့ဆိုပြီး သွားကြတယ်။ မိန်းကလေးတွေချည်းပဲ။ အဝတ်လျှော်ပြီးတော့ ရေချိုးဆင်းကြတယ်။ ရေချိုးပြီးတော့ ကမ်းအတတ်မှာ
Read more

နတ်ရေကန်ကို တမင်မသိမ်းပဲ စစ်သားတွေကို အမှည့်ချွေနေတာလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆) မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့က တမင်မသိမ်းပဲ စစ်ကော်မရှင်ရဲ့ တပ်သားတွေကိုသာ အမှည့်ချွေ ချွေနေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ “ သိမ်းမယ်ဆို သိမ်လို့ရနေပြီလေ။ နတ်ရေကန်နားမှာရှိတဲ့ ကာကင်းတွေအကုန်လုံးကို AA တို့က သိမ်းလိုက်ပြီးပြီ။
Read more

ကျောက်ဖြူက ဒိုးတောင်ရွာကို စကမ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံး၊ အိမ်အချို့ ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဒိုးတောင်ရွာကို စစ်ကော်မရှင်က မတ်လ ၁၈ ရက်မှာ ဒရုန်း၊ လေကြောင်းနဲ့ နေဗီကနေ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “
Read more