စစ်တွေမြို့မှာ အပေါဆုံးက အရက်ဆိုင်တွေဖြစ်လာနေ

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့က ဒေသခံလူထုတွေဟာ အလုပ်အကိုင်ရှားပါးပြီး အဆင်မပြေသူများကာ စားဝတ်နေရေး အဆင်မပြေကြပေမယ့်လည်း အရက်ဆိုင်တွေ အပေါဆုံးဖြစ်လာနေတယ်လို့ စစ်တွေ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်တွေမှာ အပေါဆုံးက အရက်တွေပါပဲ။ အရက်တွေ ကောင်းကောင်းသောက်ကြတယ်လေ။ ပြီးရင် ဆိုင်တိုင်းဆိုင်တိုင်းမှာ ပရိုမိုးရှင်းချလို့တမျိုး ဆိုင်းဘုတ်တွေကပ်ထားတယ်။ အရက်တွေက ကောင်းကောင်းကို ရောင်းအားကောင်းတယ်ရှိပါဖို့။ အရက်တွေဆိုတာ ဆိုင်တိုင်းမှာ အရက်မ‌ရောင်းတဲ့ဆိုင်ဆိုတာ မရှိပါ။ ဆိုင်တိုင်း များသောအားဖြင့်ကတော့ အရက်ရောင်းတဲ့ဆိုင် များပါတယ်ပေါ့။ စစ်တွေမြို့က လူတွေက အလုပ်အကိုင်ရှားပါးတယ်။ အဆင်မပြေတဲ့လူတွေ များတယ်။ ငတ်နေကြတယ်လို့သာ ပြောကြတာပါ။ တကယ့်တကယ်ကြတဲ့အခါ အချိန်တန်ရင် အရက်ဆိုင်မှာ အရက်သောက်တဲ့လူတွေ ကန်က မကန်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်ထဲကို နိုင်ငံခြားဖြစ်အရက်နဲ့ ပြည်တွင်းထုတ်အရက်၊ ဘီယာနဲ့ ဝိုင်အပါအဝင် ယစ်မျိုးကုန်တွေ တင်သွင်းခွင့်ကို အာရက္ခတပ်တော်က ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်ကတည်းက တားမြစ်ထားပါတယ်။

အရက်၊ ဘီယာတို့ဟာ ရန်ကုန်ကနေ မှောင်ခိုလမ်းကြောင်းတွေ ကတဆင့် ရက္ခိုင်ပြည်ထဲကို ဝင်ရောက်နေတာပါ။

ဒါ့အပြင် ရက္ခိုင်ပြည်ထဲကို စစ်တပ်နဲ့ ဆက်စပ်တာကြောင့် သပိတ်မှောက်ဖို့ ဆော်သြခံထားရတဲ့ မြန်မာဘီယာ၊ အက်ဒမန်၊ မန္တလေးဘီယာ နဲ့ မန္တလေးရမ်လို အရက်ယမကာတွေ မှောင်ခိုလမ်းကတဆင့် အဝင်များပါတယ်။

စစ်တွေမြို့မှာ အရက်တွေဟာ တခြားစားသောက်ကုန်တွေလောက် ဈေးမတရားကြီးမြင့်ထဲမှာ ရှိမနေဘူးလို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သင်္ဘောတွေက ဝင်ထားတာ ဆက်တိုက်ရှိတယ်ဆိုတဲ့အခါ ကော်ဖီမစ်တွေ၊ နောက်ပြီးရင် နို့ဆီတို့၊ ကော်ဖီမစ်တို့၊ သကြားတို့ဆိုရင် သွင်းကုန်ပစ္စည်းတွေကတော့ နည်းနည်းပါးပါး ရန်ကုန်လောက် ဈေးမဟုတ်တောင် ရန်ကုန်နီးပါးဈေးနဲ့ ရောင်းနေကြပါတယ်။ ကောင်းလည်း ဈေးမကြီးပါလားမသိ (အရက်တွေက)။ အရင်နီးပါးလောက်ပဲ ရှိဖို့ထင်ပါတယ်။ သဘောက အရင်အခါ ၂၅၀၀ တဘူးဆိုရင် အခုဆိုရင် ၃၅၀၀၊ ၃၈၀၀ အဲဒီလောက်လောက်တော့ ပေးရပါဖို့” လို့ သူက ပြောပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ရာဒေသတွေမှာတော့ အရက်သေစာနဲ့ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်ပေမယ့် စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ ဖြစ်ချင်တိုင်း ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

Related posts

ကျိန္တလီကို ရွေးတုအစိုးရတပ် ဗုံးချလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ

ညောင်ကျိုးကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ် လေ‌လာတောင်တွင် AA ရဲ့ တိုက်ခိုက်ခြင်းခံရ

စစ်တွေ ဒကစ အနီးက ရွာတွေကို ရွေးတုအစိုးရတပ် ဖျက်ဆီးပြီး စစ်စခန်းလုပ် ခံစစ်ပြင်နေ

3 Comment

peatix.com ဇွန် 15, 2026 - 10:29 ညနေ

References:

Hit’n’spin casino login peatix.com

gaiaathome.eu ဇွန် 19, 2026 - 5:16 ညနေ

References:

Legiano gaiaathome.eu

https://bookmarking.win/story.php?title=legiano-erfahrungen-bewertung-2026 ဇွန် 19, 2026 - 5:34 ညနေ
Add Comment