အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆)
မြိုအမျိုးသားနေ့အဖြစ် ဒီဇင်ဘာ ၂၂ ရက်နေ့ကိုသာ လက်ခံသတ်မှတ်ပြီး ကျန်တဲ့နေ့တွေမှာ ကျင်းပတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကမ္ဘာတည်သရွေ့ ကန့်ကွက်ရှုတ်ချပြီး သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမယ်လို့ မြိုတက္ကသိုလ် ကျောင်းသူကျောင်းသားများအသင်းက ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းမှ စာအမှတ်၊ စာ/ယဉ်၊ (၀၂/၁) ထုတ်ပြန်ချက် / ၂၀၂၆ ဖြင့် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၌ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရေညှင်းချောင်းကျေးရွာတွင် မြို(ခမိ)၊ ခမီ၊ မြို(မရူစာ) အပါအဝင် မြိုမျိုးနွယ်စုများဖြစ်သော ဝါကုန်း (Vakun)၊ တွီရွင် (Tuiron)၊ ခိုင်နက် (Xienau)၊ ခါတက် (Xautau)၊ ပါမနက် (Pamnau)၊ လေခခ်(Likhy)၊ အကေအလောင် (Akiealon) စသော မျိုးနွယ်စုတွေပါဝင်တဲ့ မြိုအမျိုးသားစည်းလုံးညီညွတ်ရေးဖြစ်ပေါ်စေတဲ့နေ့ရက် ဒီဇင်ဘာလ (၂၂) ရက်ကို မြိုအမျိုးသားနေ့အဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်ရှိ မြိုကျေးရွာအချို့မှာ အမျိုးသားရေးဦးဆောင် အမည်ခံလူပုဂ္ဂိုလ်တချို့က အချင်းချင်း လူပုဂ္ဂိုလ်ဝိဝါဒ ကွဲပြားမှု၊ သဟဇာတ မဖြစ်မှုတွေကို ရဟန်းသံဃာတော်နဲ့ တခြားသောဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို အမုန်း တရားအတင်း အဓမ္မသွင်းကာ အချင်းချင်းကြားမှာ ပြေလည်အောင်မဖြေရှင်းဘဲ သူတို့လိုရာကို အသုံးချနှင်းပြုလုပ်လျက် အတုယောင်မြိုအမျိုးသားနေ့အားကျင်းပနေလျက်ရှိသည်ကို မြင်တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ အမျိုးသားကောင်း စားရေးဟု အမည်ခံ လူတစ်စုမှ လိမ်လည်ဦးဆောင်ကျင်းပနေတဲ့ တန်ခူးလဆန်း (၂) ရက်၊ မြိုအမျိုးသားနေ့ကို မြိုလူငယ်ထုမှ မည်သည့်အကြောင်းပြချက်နဲ့မှ အနာဂတ်မှာ ပူးပေါင်းပါဝင်မှု မလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ရက္ခိုင်ပြည်က နေရာတခုတွင် (၉) ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းနားကို မတ်လ (၁၉) ရက်က ကျင်းပပြုလုပ်ခဲ့ပြီး မြိုလူမျိုးအပါအဝင် ဒေသခံပြည်သူ ၄၀၀ ကျော်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
5 Comment
Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
Casino Pinco
Pinco Casino сочетает качество, безопасность и удобство.
http://www.sebchurch.org/en/out/?a=https://myanimelist.net/profile/ShelbyCruz24
https://zookompleks.ru
Vu la page d accueil on sent une volonte de reunir casino, paris sportifs et crash games. Le repere https://soundcloud.com/lion-melli a cote de paris sportifs montre la double orientation du site. Le tout parait vivant.
A mon avis jai utilise ce casino dans gain https://hallbook.com.br/blogs/953343/Jeu-des-tours-Tower-Rush-une-nouvelle-exp%C3%A9rience-interactive-en cest interessant pas sur de