ရက္ခိုင်ပြက္ခဒိန်ပညာရှင် ဆရာဦးအောင်ချစ် ကွယ်လွန်
အာရက္ခတိုင်မ်းစ် (၇-အောက်တိုဘာ-၂၀၂၄)
ရက္ခိုင်ပြက္ခဒိန်ပညာရှင် အသက် ၉၁ နှစ်အရွယ် ဆရာဦးအောင်ချစ် သည် အောက်တိုဘာလ ၅ ရက်က ရန်ကုန်မြို့တွင် ကွယ်လွန်သွားကြောင်း သိရပါတယ်။
ဆရာဦးအောင်ချစ်သည် ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းဆေးရုံကြီးတွင် (၉၆) ပါးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။
“ ရက္ခိုင် ပြက္ခဒိန် ပညာရှင် တယောက် ကွယ်လွန်ပြန်ယာ။ ပညာအမွီ ဆက်ခံသူတိ ပေါ်ပေါက်ပါစီ” လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းအောင်ကျော်က ဆိုပါတယ်။
ဆရာဦးအောင်ချစ်သည် နှစ်စဉ်ထုတ်ဝေနေသော “ဓညဝတီ ရက္ခိုင်ပြက္ခဒိန်” ကို ဦးစီးထုတ်ဝေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း သက်ကြီးကန်တော့ခံ စာပေပညာရှင်၊ ရခိုင်မဂ္ဂဇင်းကော်မတီ နာယက နှင့် တန်းခိုးဆရာထွန်းစာပေဆု တစ်သက်တာစာပေဆုရှင် (သာသနဓဇ ဓမ္မာစရိယ) တစ်ဦးလည်းဖြစ်ပါတယ်။
စာပေပညာရှင်တစ်ဦးလည်းဖြစ်သည့် ဆရာကြီးဦးအောင်ချစ်သည် စာပေပညာ၊ ဗေဒင်နက္ခတ်ပညာ၊ ပြက္ခဒိန်ပညာနှင့် ဆေးပညာများကို ၁ဝ နှစ်သားခန့်မှ စတင်လေ့လာခဲ့ပြီး ရခိုင်နှင့် ပတ်သက်သော နက္ခတ ဆောင်းပါးများ၊ ရခိုင်ရှေးဟောင်း ဆေးပညာဆောင်းပါးများကိုလည်း ရေးသားသူ တစ်ဦးဖြစ်ပါတယ်။