စစ်တွေထောင်ရှိ နိုင်ကျဥ်း အကျဥ်းသားအပါအဝင် အကျဥ်းသား ၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့
အာရက္ခတိုင်းမ်စ် (၉-အောက်တိုဘာ- ၂၀၂၄)
ရက္ခိုင်ပြည် စစ်တွေမြို့ရှိ အကျဥ်းထောင်မှ နိုင်ကျဥ်း အကျဥ်းသားအပါအဝင် အကျဥ်းသား ၇၀၀ ကျော်ကို အောက်တိုဘာလ ၈ရက်က စစ်ကောင်စီမှ ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။
“ အရင် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ နောက်ပြီး ၁၇(၁) သမားတွေ၊ နောက်ပြီးတော့ ဗျိုင်းဖြူရွားသားတွေ အများကြီးပဲ ပါသွားကြတယ်” လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အောက်တိုဘာလ ၈ရက် မနက် နှင့် ညနေ နှစ်သုတ်ခွဲကာ စစ်တွေမြို့ရှိ BXT ကိုရီးယားဆိပ်ကမ်းသို့ ကားဖြင့်သယ်ဆောင်ကာ ယင်းမှတဆင့် ဇက်ရေယာဥ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
“ ရခိုင်က ပြောင်းလာတဲ့ အကျဥ်းသားတွေကို အင်းစိန်တို့ သာယာဝတီတို့လို့ နာမည်ကြီးထောင်တွေမှာလည်း ထားမယ်။ အခြား မြို့က ထောင်တွေမှာလည်း ခွဲထားမယ် ပြေတယ်” လို့ ရန်ကုန်မြို့ အင်းစိန်ထောင် ဝန်ထမ်းတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
အလားတူ အကျဥ်းသား ၁၀၀ ကျော်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လာကလည်း စစ်တွေအကျဥ်းထောင်ကနေ အင်းစိန်အကျဥ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပါသေးတယ်။