NewsPolitic

စစ်တွေထောင်ရှိ နိုင်ကျဥ်း အကျဥ်းသားအပါအဝင် အကျဥ်းသား ၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့

စစ်တွေထောင်ရှိ နိုင်ကျဥ်း အကျဥ်းသားအပါအဝင် အကျဥ်းသား ၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့

အာရက္ခတိုင်းမ်စ် (၉-အောက်တိုဘာ- ၂၀၂၄)

ရက္ခိုင်ပြည် စစ်တွေမြို့ရှိ အကျဥ်းထောင်မှ နိုင်ကျဥ်း အကျဥ်းသားအပါအဝင် အကျဥ်းသား ၇၀၀ ကျော်ကို အောက်တိုဘာလ ၈ရက်က စစ်ကောင်စီမှ ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။

“အရင် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ နောက်ပြီး ၁၇(၁) သမားတွေ၊ နောက်ပြီးတော့ ဗျိုင်းဖြူရွားသားတွေ အများကြီးပဲ ပါသွားကြတယ်” လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အောက်တိုဘာလ ၈ရက် မနက် နှင့် ညနေ နှစ်သုတ်ခွဲကာ စစ်တွေမြို့ရှိ BXT ကိုရီးယားဆိပ်ကမ်းသို့ ကားဖြင့်သယ်ဆောင်ကာ ယင်းမှတဆင့် ဇက်ရေယာဥ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

“ရခိုင်က ပြောင်းလာတဲ့ အကျဥ်းသားတွေကို အင်းစိန်တို့ သာယာဝတီတို့လို့ နာမည်ကြီးထောင်တွေမှာလည်း ထားမယ်။ အခြား မြို့က ထောင်တွေမှာလည်း ခွဲထားမယ် ပြေတယ်” လို့ ရန်ကုန်မြို့ အင်းစိန်ထောင် ဝန်ထမ်းတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အလားတူ အကျဥ်းသား ၁၀၀ ကျော်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လာကလည်း စစ်တွေအကျဥ်းထောင်ကနေ အင်းစိန်အကျဥ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပါသေးတယ်။

Related posts

စစ်တွေတပ်အနေနဲ့ ထိုးစစ်အသွင်ရှိတဲ့ ခံစစ်ပုံစံ ပြောင်းလဲလာနိုင်တယ်လို့ ဗိုလ်ကြီးဇင်ယော်သုံးသပ်

Rakhita Times

အမ်းမြို့နယ် တလိုင်းတောင်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

Rakhita Times

Breaking Newsသံတွဲကို ဂျက်လေယဉ်နဲ့ အုပ်စုလိုက် ဗုံးကြဲနေ

Rakhita Times

662 comments

Leave a Comment