အာရက္ခရေပိုင်နက်ထဲသို့ ငါးခိုးဖမ်းရန် ဝင်ရောက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ AA ပြော

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်ရှိ အာရက္ခရေပိုင်နက်ထဲသို့ ကျူးကျော်ပြီး ငါးခိုးဖမ်းရန် ဝင်ရောက်မည်ဆိုပါက မည်သူ့ကိုမဆို တရားဥပဒေနဲ့အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆၀) ခန့်ကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့သဖြင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို (၂) ရက်ကြာ ထိမ်းသိမ်းထားခဲ့ပြီး စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) လက်ထဲသို ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ကြောင်းလည်း သိရပါတယ်။

“ငါးခိုးဖမ်းနေကြသော သူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစု စားဝတ်နေရေး အကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း နောက်နောင် အာရက္ခပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများ မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်တွင် အဆိုပါ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) ထဲမှ (၇) စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

ယခုကဲ့သို့ ရက်အနည်းငယ်ကြန့်ကြာနေရခြင်းမှာ မောင်တောဒေသတွင် စစ်ရေးပြင်းတန်နေပြီး ငါးဖမ်းလှေများ ထိမ်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင် စစ်ကောင်စီရဲ့ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ပြည် ပေါက်တောမြို့ တောင်ညိုကျေးရွာကို စစ်တွေမြို့ရှိ စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ဒေါ်မြသိန်းဝေ သေဆုံးခဲ့တဲ့အပေါ် ခင်ပွန်းဖြစ်သူ ဦးခင်မောင်အေးက ဖြစ်စဉ်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်

ရက္ခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်ဟိုတယ် ပတ်ဝန်းကျင်ကို စစ်ကောင်စီရဲ့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်

စစ်တွေမှာ ပျဥ်ခိုးတဲ့သူတွေကို စစ်ကောင်စီက ဝါးလုံးအစိမ်းနဲ့ရိုက်