အမ်းဒေသခံ လေးထောင်ကျော်ကို အာရက္ခတပ်တော်က စောင့်ရှောက်ထား

အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၄)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရက္ခိုင်ပြည် အမ်းမြို့နယ်မှာ လက်ရှိ တိုက်ပွဲပြင်းထန်နေတာကြောင့် အမ်းမြို့နေ ဒေသခံပြည်သူတွေကို အာရက္ခတပ်တော် က ဘေးလွတ်ရာကို ခေါ်ဆောင်ပြီး စောင့်ရှောက်ထားတယ်လို့ အမ်းဒေသခံတွေထံကနေ သိရပါတယ်။

တိုက်ပွဲကာလအတွင်း အမ်းမြို့တွင် ဒေသခံပြည်သူ ငါးထောင်နီးပါး ရှိပေမယ့် ပြီးခဲ့တဲ့ ၁ လကျော်တွင် အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ ဒေသခံတွေက မြို့တွင်းမှာ ပိတ်မိနေတာကြောင့် အာရက္ခတပ်တော်က တိမ်းရှောင်လာတဲ့ ဒေသခံ လေးထောင်ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်းမြို့ပေါ်မှာ ဒေသခံပြည်သူဟာ ရာဂဏန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမ်းဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မြို့ပေါ်မှာတော့ တိုက်ပွဲကာလမှာတော့ မြို့ပေါ်မှာရှိနေတဲ့ ပြည်သူတွေရော၊ မြို့ပတ်ဝန်းကျင်နဲ့ ရွာတွေကနေပြီးတော့ ထွက်ခွာလာကြတဲ့ ပြည်သူတွေရော အားလုံးပေါင်း လေးထောင်ကျော်လောက် ရှိနေခဲ့တယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော်။ အခုဆိုရင် ရာဂဏန်းလောက်ပဲ မြို့ပေါ်မှာ ရှိနေတယ်။ ကျန်တဲ့ပြည်သူ လေးထောင်ကျော်လောက်က ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ကြောင့် ဘေးလွတ်ရာကို ရောက်နေကြပြီပေါ့နော်။ စစ်ရေးပဋိပက္ခနဲ့ လွတ်တဲ့နေရာ၊ လုံခြုံတဲ့နေရာကို ရောက်ပြီးတော့ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ကနေပဲ ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ် နေရေးထိုင်ရေး၊ စားရေးသောက်ရေး။ ခန်မှန်းခြေ လေးထောင်ကျော်လောက်ရှိနေပြီလို့ ခန့်မှန်းလို့ ရတယ်ပေါ့နော်။ ရှိတာက လေးထောင်ကျော်၊ ငါးထောင်နီးပါး ရှိနေခဲ့တယ်။ အမ်းပြည်သူတွေက အခု မြို့ပေါ်မှာ ရာဂဏန်းလောက်ပဲ မြို့ပေါ်မှာ ရှိနေခဲ့တယ်။ လေးထောင်ကျော်၊ ငါးထောင်လောက်က ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) က ကယ်ထုတ်လိုက်ပြီလို့ အကြမ်းအားဖြင့် သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရက္ခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန် လုပ်ဆောင်နေတာကြောင့် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း သံတွဲမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်လို့ တစ်ချို့ကျေးရွာတွေမှာ လူသေဆုံးတာ အများအပြား ဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

အခုလည်း အမ်းမြို့နယ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်လာနေတယ်လို့ အမ်းမြို့ဒေသခံတစ်ယောက်က ပြောပါတယ်။

“စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာကို စစ်ကောင်စီကနေပြီးတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ပြီးတော့ အမ်းမှာလည်း တိုက်ခိုက်တာ ရှိတယ်။ အခုဆိုလည်း ကျိန္တလိတ်ကျေးရွာနဲ့ မြောက်ဘက်ရွာဆိုလို့ရှိရင် လေယာဉ်နဲ့ ဗုံးကြဲတာ ပြည်သူတွေ ခံခဲ့ရတယ်ပေါ့နော်။ ပြည်သူတွေလည်း အများကြီး သေဆုံးတယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမယ့် အချက်အလက် တိတိကျကျကို ကျနော်တို့ မသိရှိနိုင်တာတော့ ရှိတယ်။ အမ်းမှာလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို အဲဒီလိုမျိုး ပစ်ခတ်တာ ရှိတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အမ်းမြို့နယ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုတွေကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီးတော့ ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒါအပြင် ကျေးရွာတွေကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့ပြီး ကျေးရွာနေ ပြည်သူတွေ အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Related posts

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

ငပလီကို ကမ်းတက်နိုင်ရန် ရွေးတုအစိုးရ ကြံစည်နေ

3 Comment

rent yacht montenegro 489 မေ 5, 2026 - 7:30 ညနေ
WillisVer မေ 21, 2026 - 7:59 မနက်

Быстрая профессиональная монтаж видеонаблюдения в калининграде для квартир, домов, офисов и коммерческих объектов. Проектирование, монтаж и настройка систем безопасности, удалённый доступ, запись видео и контроль в реальном времени. Надёжные решения для защиты имущества и контроля территории.

guilairo520.gain.tw ဩဂုတ် 5, 2026 - 6:17 မနက်

References:

Barona casino guilairo520.gain.tw

Add Comment