အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ ၂၀၂၆)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှာ တာဝန်ထမ်းဆောင်ဖို့ ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာလ ၅ ရက်မှာ မိသားစုတွေဆီ ပြန်လွှဲပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်က အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ်ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်မှာ DLEPS ဌာနကို မိမိတို့ ကိုယ်ပိုင်ဆန္ဒနဲ့ ရောက်လာတာလို့ သိရပါတယ်။
ရောက်လာပြီးနောက် တာဝန်ရှိသူတွေက ယာယီထိန်းသိမ်းစောင့်ရှောက်ပြီး ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးရာမှာ အသက်မပြည့်သေးတာကို တွေ့ရှိလို့ မိသားစုဝင်တွေကို အကြောင်းကြားပြီး ပြန်လည်အပ်နှံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြန်လွှဲပေးစဉ် AA ရဲ့ တာဝန်ရှိသူတွေက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို စစ်မှုထမ်းဖို့ သို့မဟုတ် တာဝန်ထမ်းဆောင်ဖို့ လုံးဝလက်ခံမှာမဟုတ်ဘူးလို့ မိဘတွေကို ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။
အောက်တိုဘာလ ၂၈ ရက်မှာလည်း အာရက္ခတပ်တော်ကို ကိုယ်တိုင်ဝင်ရောက်လာတဲ့ မြောက်ဦးမြို့နယ်က အသက်မပြည့်သေးတဲ့ လူငယ် ၂ ဦးကို မိသားစုထံ ပြန်အပ်ခဲ့ခဲဖူးပါတယ်။