ရက္ခိုင်တွင် AA က ART ဆေး နဲ့ TB ဆေး အခမဲ့ဖြန့်ဝေ

အာရက္ခတိုင်းမ်စ် (၈ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်က မြို့နယ် ၁၅ မြို့နယ်နဲ့ ပလက်ဝမြို့နယ်ကို ဇန်နဝါရီလ ၆ ရက်က စတင်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ART ဆေး နဲ့ TB ဆေးတွေကို ပထမဆုံးအကြိမ်အဖြစ် အခမဲ့ပေးဝေခဲ့တယ်လို့ သိရပါတယ်။

“ HIV ပိုးထိန်းဆေးဖြစ်တဲ့ ART ဆေးနဲ့ TB ဆေးတွေကို မာန်အောင် နဲ့ စစ်တွေက လွဲပြီးတော့ ပလက်ဝဒေသနဲ့ ကျန် ရက္ခိုင်ပြည်က မြို့နယ်အားလုံးကို ပထမအကြိမ်အဖြစ် အခမဲ့ ဖြန့်ဝေပေးနေတယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ပထမအကြိမ်အဖြစ် ၄၀၉ သိန်းကျော် တန်းဖိုးရှိတဲ့ ART ဆေးနဲ့ ၄၅ သိန်းကျော် တန်ဖိုးရှိတဲ့ TB ဆေး စုစုပေါင်း ၄၅၄ သိန်းကျော် တန်ဖိုးရှိတဲ့ ဆေးတွေကို အခမဲ့ဖြန့်ဝေတာပဲ ဖြစ်ပါတယ်။

HIV လူနာတယောက်အတွက် ဆေးဖိုး တလစာ ကုန်ကျငွေ တစ်သိန်းကျပ် နဲ့ TB လူနာတယောက်အတွက် ဆေးဖိုး ခြောက်လစာ ကုန်ကျငွေ လေးသိန်းခွဲခန့် ကုန်ကျတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက ကောက်ယူထားတဲ့စာရင်းအရ HIV/AIDS လူနာ ၂၅၀၀ ကျော် နဲ့ TB ရောဂါ သတ်မှတ်လူနာ ၄၀၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Related posts

AA နဲ့ စကမတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာကို စကမ ဗုံးကြဲ

ဘင်္ဂလားဒေ့ရှ်က AA ကိုအသိအမှတ်မပြုရင် ကောင်းမွန်တဲ့အခြေအနေ ဖန်တီးဖို့ခက်မယ်

ULA/AA အနေနဲ့ ရက္ခိုင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူ ထွန်းလင်းသိန်းကို ထိရောက်စွာအရေးယူပေးရန် BWU နဲ့ MwiM တောင်းဆို