AA နဲ့ တွေ့ဆုံဆွေးနွေးဖို့ Chinland Council ကြိုးစားနေ

အာရက္ခတိုင်းမ်စ် (၇ ဖေဖော်ဝါရီ ၂၀၂၅)

အာရက္ခတပ်တော်ကို ချင်းပြည်ကောင်စီက တွေ့ဆုံးဆွေးနွေးနိုင်ရန် တရားဝင်စာပို့ထားပြီး ကြိုးစားနေတယ်လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က ပြောပါတယ်။

“ ကျနော်တို့ ချင်းပြည်ကောင်စီအနေနဲ့လည်း ULA/AA နဲ့ အမြဲတမ်း တွေ့ဆုံ ဆွေးနွေးလိုပါတယ်။ တွေ့ဆုံဆွေးနွေးရေးအတွက်လည်း ကျနော်တို့ တရားဝင်စာ ပေးပို့ထားတာတွေ ရှိပါတယ်။” လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က ဖေဖော်ဝါရီ ၆ရက် ချင်းပြည်ကောင်စီ (Chinland Council) တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

ချင်းပြည်ကောင်စီကို ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA), CDF – Matupi တပ်မဟာ (၂)၊ CDF – Lautu၊ CDF – Tonzang၊ CDF – KKG၊ CDF – Hakha၊ CDF – Thantland၊ CDF – Zophei၊ CDF/CDM SIYIN၊ PDA – Tedim၊ CDF – Mara၊ CDF – Paletwah၊ CDF – Zanniatram နဲ့ Mindat Council တို့ဖြင့် ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

“ ကျနော်တို့ ချင်ပြည်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ULA/AA နဲ့ မဟာမိတ်တွေ ဖွဲ့ထားကြပါတယ်။ အဲဒါကိုလည်း ကျနော်တို့ သိရှိရတယ်။ သို့သော် ကျနော်တို့ တစ်ဖက်မှာက ဒီ ULA/AA နဲ့ မဟာမိတ်ဖွဲ့လို့ Chinland Council နဲ့ ရန်သူဖြစ်သွားသလားဆိုတော့ ကျနော်တို့က ULA/AA ကို ရန်သူလို့ မသတ်မှတ်ပါဘူး။ ULA/AA နဲ့ မဟာမိတ်တွေကို ရန်သူလို့ မသတ်မှတ်ဘူး။

အာရက္ခတပ်တော် နဲ့ မဟာမိတ်လုပ်ထားတဲ့ ချင်းညီနောင်အဖွဲ့ထဲမှာတော့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ ဖြစ်ပါတယ်။

Related posts

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်

4 Comment

Casino_clkt မတ် 24, 2026 - 12:40 မနက်

Casino Pinco предоставляет доступ к современным слотам и популярным играм.
[url=https://7v4.casino/]Pinco Casino[/url]
Интерфейс интуитивно понятен даже для новых пользователей.

Casino_mwkt မတ် 26, 2026 - 4:38 ညနေ
Camerontub ဧပြီ 23, 2026 - 5:27 မနက်

Sans mentir jai essaye la roulette dans poker https://rentry.co/ukg358pz cest plutot bien ambiance etrange entre

Add Comment