NewsPolitic

AA နဲ့ တွေ့ဆုံဆွေးနွေးဖို့ Chinland Council ကြိုးစားနေ

အာရက္ခတိုင်းမ်စ် (၇ ဖေဖော်ဝါရီ ၂၀၂၅)

အာရက္ခတပ်တော်ကို ချင်းပြည်ကောင်စီက တွေ့ဆုံးဆွေးနွေးနိုင်ရန် တရားဝင်စာပို့ထားပြီး ကြိုးစားနေတယ်လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က ပြောပါတယ်။

“ကျနော်တို့ ချင်းပြည်ကောင်စီအနေနဲ့လည်း ULA/AA နဲ့ အမြဲတမ်း တွေ့ဆုံ ဆွေးနွေးလိုပါတယ်။ တွေ့ဆုံဆွေးနွေးရေးအတွက်လည်း ကျနော်တို့ တရားဝင်စာ ပေးပို့ထားတာတွေ ရှိပါတယ်။” လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က ဖေဖော်ဝါရီ ၆ရက် ချင်းပြည်ကောင်စီ (Chinland Council) တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

ချင်းပြည်ကောင်စီကို ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA), CDF – Matupi တပ်မဟာ (၂)၊ CDF – Lautu၊ CDF – Tonzang၊ CDF – KKG၊ CDF – Hakha၊ CDF – Thantland၊ CDF – Zophei၊ CDF/CDM SIYIN၊ PDA – Tedim၊ CDF – Mara၊ CDF – Paletwah၊ CDF – Zanniatram နဲ့ Mindat Council တို့ဖြင့် ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ ချင်ပြည်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ULA/AA နဲ့ မဟာမိတ်တွေ ဖွဲ့ထားကြပါတယ်။ အဲဒါကိုလည်း ကျနော်တို့ သိရှိရတယ်။ သို့သော် ကျနော်တို့ တစ်ဖက်မှာက ဒီ ULA/AA နဲ့ မဟာမိတ်ဖွဲ့လို့ Chinland Council နဲ့ ရန်သူဖြစ်သွားသလားဆိုတော့ ကျနော်တို့က ULA/AA ကို ရန်သူလို့ မသတ်မှတ်ပါဘူး။ ULA/AA နဲ့ မဟာမိတ်တွေကို ရန်သူလို့ မသတ်မှတ်ဘူး။

အာရက္ခတပ်တော် နဲ့ မဟာမိတ်လုပ်ထားတဲ့ ချင်းညီနောင်အဖွဲ့ထဲမှာတော့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ သင်္ဘောမရောက်လို့ ဒေသခံတွေကို ခက်ခဲနေ

Rakhita Times

အာရက္ခ တပ်တော်မှ ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝ ပုံရိပ်များ (၁၆)

Rakhita Times

သံတွဲကမ်းခြေကို စစ်ကောင်စီရဲ့နေဗီ ပစ်ခတ်မှုဟာ ကောလာဟလ ဖြစ်

Rakhita Times

119 comments

Leave a Comment