AA စစ်ဦးစီးချုပ်ပြောသလို ဝိတိုရိယတောင်ပေါ်တွင် ချင်းအလံထောင်နိုင်ပြီလို့ CDF-Kanpetlet ပြော

အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၅)

အာရက္ခတပ်တော် စစ်ဦးစီးချုပ်ပြောခဲ့သလို့ ချင်းပြည်နယ်ရှိ ဝိတိုရိယတောင်ပေါ်တွင်ချင်းအလံကို လွှင့်ထူနိုင်ခဲ့ပြီလို့ CDF-Kanpetlet က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

“ဒါဟာ ချင်းပြည်သူတွေ လိုလားတောင်းတခဲ့ကြတဲ့ သဘောထား စိတ်ဆန္ဒဖြစ်သလို၊ မဟာမိတ် အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ၂၀၂၀ခုနှစ် ဇူလိုင် ၁၁ က CCN Channel နဲ့ အင်တာဗျူးမှာ ” ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ချင်းပြည်အတွက် ဝိတိုရိယ (Mt.Victoria) တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင် ကျွန်တော်တို့ ကူညီပေးမယ် ” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်” လို့ Chin Defence Force – Kanpetlet က ဆိုပါတယ်။

စစ်ကောင်စီကို အသက်၊ သွေး၊ ချွေးများစွာနဲ့ တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်လို့ ချင်းတွေကိုယ်တိုင် အနှစ်သာရပြည့်ဝပြီး စစ်မိစ္ဆာ ကင်းစင်နိုင်ခဲ့တဲ့ (ချင်းပြည်တောင်ပိုင်း) ချင်းတွေရဲ့ စစ်ရေးအောင်မြင်မှု အထိမ်းအမှတ်အ‌နေဖြင့် Mt.Victoria (ဝိတိုရိယတောင်) Khawnumcung လို့ ပြန်လည်မှည့်ယူ ခေါ်ဆိုနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ထို့အတူ Mt.Victoria ဝိတိုရိယတောင်ထိပ်မှာလည်း ချင်းပြည်အလံတော်ကို‌ လေးစားကြည်ညိုဖွယ်ရာကောင်းအောင် လွှင့်ထူနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်လို့လည်း ထပ်မံ ဆိုပါတယ်။

အခုချိန်မှာတော့ စိန်ခေါ်မှုများစွာ/အခက်ခဲများစွာကြားက မဟာမိတ် အာရက္ခတပ်တော် ( AA ) နဲ့ ချင်းညီ‌နောင် တပ်ဖွဲ့ဝင်တွေရဲ့ ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့် အောင်မြင်ခြင်း မှတ်တိုင်တစ်ခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်လို့ Chin Defence Force – Kanpetlet က ဆိုပါတယ်။

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး

2 Comment

Tommykaf စက်တင်ဘာ 2, 2026 - 10:22 ညနေ

Курс терапии в клинике состоит из нескольких последовательных этапов, каждый из которых направлен на достижение конкретных целей — от снятия интоксикации до восстановления психологического равновесия. Такой подход позволяет добиться устойчивого результата и минимизировать вероятность рецидива. На всех стадиях лечения ведётся контроль состояния пациента, а также постоянная корректировка назначений в зависимости от реакции организма.
Получить дополнительные сведения – https://narkologicheskaya-clinika-v-kazani16.ru/chastnaya-narkologicheskaya-klinika-kazan

Patrickskany စက်တင်ဘာ 21, 2026 - 10:08 မနက်

Помощь может включать консультацию, детоксикацию, стационар и дальнейшее сопровождение по показаниям.
Дополнительная информация – vyvod-iz-zapoya-moskovskiy-oblast

Add Comment