အာရက္ခတိုင်းမ်စ် (၂၃ မတ် ၂၀၂၅)
ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံပြည်သူတွေဟာ နေ့စဉ်နီးပါး ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကျနော်တို့ဖက် သံတွဲ နဲ့ တောင်ကုတ်မှာလည်း ၂ ရက် ဆက်တိုက် မိုင်း နင်းမိလို့ ထိခိုက်ဒဏ်ရာတွေ ရနေကြတယ်။ စားဝတ်နေရေးကြောင့် ထင်းခွေ၊ ဟင်းရှာတောင် မသွားရဲကြဘူး။ ဖြစ်လိုက်ရင် ခြေထောက်က အပြတ်ပဲလို ဖြစ်နေတာ” လို့ သံတွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က သံတွဲမြို့နယ် ရေဖြူအိုင်ရွာနေ မောင်ဆန်းဝင်းဟာ ထင်းခွေသွားရာတွင် စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက်ဖြတ်လိုက်ရပြီး မတ်လ ၂၁ ရက်က တောင်ကုတ်မြို့နယ် ရန်ခိုရွာက ဦးကျော်မြင့်လည်း စစ်ကောင်စီရဲ့ မိုင်းနင်းမိတာကြောင့် ညာဘက်ခြေထောက် နဲ့ ဆီးခုံ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
အလားတူ မတ်လ ၁၇ ရက်ကလည်း တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦးလည်း စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ ဒီဖက်မှာလည်း ဟိုကောင်တွေ (စစ်ကောင်စီ) ရဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေရတာနဲ့ စစ်ကျန်လက်နက်တွေကို ကလေးတွေဆော့လို့ သေရတာနဲ့ ဒီကောင်တွေ ရှိတုန်းကလည်း ရက္ခိုင်တွေကို ဒုက္ခပေးခဲ့တယ်။ မရှိတာတောင် ဒုက္ခတွေ ဆက်ပေးနေသေးတယ်” လို့ ကျောက်တော်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် မင်းသားတောင်ရွာတွင် မတ်လ ၁၉ ရက်က စစ်ကောင်စီရဲ့ စစ်ကျန်လက်နက်ကို ဆော့ကစားမိလို့ အရွယ်မရောက်သေးတဲ့ ကလေးတစ်ဦးသေဆုံးပြီး ကလေး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ မတ်လ ၁၉ ရက်တွင်လည်း မင်းပြားမြို့နယ် သပြေညိုရပ်ကွက်က ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးဟာ ကျိန်းတောင်ကို ဟင်းရှာသွားရာတွင် စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ဘယ်ဘက်ခြေထောက် ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းတွေ လုပ်ဆောင်နေပြီး မိုင်း အသိပညာပေးတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
10 Comment
cheapest drug prices
price drugs
legitimate online pharmacies india
highest rated canadian pharmacies
pharmacy prices compare
buy drugs online
best mexican online pharmacies
no perscription pharmacy
top rated online pharmacies
Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.