အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၅)
ယနေ့ နံနက်ပိုင်းအချိန်ကနေ စပြီး ယခုအချိန်အထိ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေမှာ ငလျင်အင်အား ၃ အဆင့်ကျော်နဲ့ ၆ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ် ။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့အနီးဗဟိုပြုပြီးတော့ ပုသိမ်ကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၂ မိုင်ခန့် မှာ နံနက် ၂ နာရီ ၅၂ မိနစ်ခန့်က အင်အား ၃ ဒသမ ၀ ရစ်( ခ်) တာစကေးနဲ့ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါအပြင် နေပြည်တော် ပုဗ္ဗသီရီးမြို့ရဲ့ မြောက်ဘက် ၅ မိုင်ခန့်မှာဆိုရင်လဲ နံနက် ၅ နာရီ ၁၅ မိနစ် အချိန်က အင်အား ၃ ဒသမ ၁ ရစ်(ခ်)တာစကေး နဲ့ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက်မှာတော့ နံနက် ၅ နာရီ ၁၆ မိနစ်အချိန်မှာ နေပြည်တော် ဧလာအနီးကို ဗဟိုပြုပြီးတော့လည်း အင်အား ၃ ဒသမ ၆ ရစ်(ခ်)တာစကေးနဲ့ လှုပ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှာဆိုရင်လည်း အင်အား ၃ ဒသမ ၅ ရစ်(ခ်)တာစကေးနဲ့ အင်အား ၃ ဒသမ ၁ ရစ်(ခ်) တာစကေးနဲ့ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။
ယနေ့ နံနက်ပိုင်းနဲ့ မွန်းလွဲပိုင်းအချိန်ထိ ငလျင်အသင့်အတင့် ၆ ကြိမ် လှုပ်ခဲ့သော်လည်း မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမူဦးစီးဌာန ငလျင် လှုပ်ခတ်မူကို ၃ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ပဲ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။