EnvironmentNewsPolitic

နေပြည်တော်၊ မန္တလေးနဲ့ ပဲခူးတို့မှာ ယနေ့ ငလျင်အသင့်အတင့် ၆ ကြိမ်လှုပ်ခတ်

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၅)

ယနေ့ နံနက်ပိုင်းအချိန်ကနေ စပြီး ယခုအချိန်အထိ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေမှာ ငလျင်အင်အား ၃ အဆင့်ကျော်နဲ့ ၆ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ် ။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့အနီးဗဟိုပြုပြီးတော့ ပုသိမ်ကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၂ မိုင်ခန့် မှာ နံနက် ၂ နာရီ ၅၂ မိနစ်ခန့်က အင်အား ၃ ဒသမ ၀ ရစ်( ခ်) တာစကေးနဲ့ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် နေပြည်တော် ပုဗ္ဗသီရီးမြို့ရဲ့ မြောက်ဘက် ၅ မိုင်ခန့်မှာဆိုရင်လဲ နံနက် ၅ နာရီ ၁၅ မိနစ် အချိန်က အင်အား ၃ ဒသမ ၁ ရစ်(ခ်)တာစကေး နဲ့ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက်မှာတော့ နံနက် ၅ နာရီ ၁၆ မိနစ်အချိန်မှာ နေပြည်တော် ဧလာအနီးကို ဗဟိုပြု‌ပြီးတော့လည်း အင်အား ၃ ဒသမ ၆ ရစ်(ခ်)တာစကေးနဲ့ လှုပ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှာဆိုရင်လည်း အင်အား ၃ ဒသမ ၅ ရစ်(ခ်)တာစကေးနဲ့ အင်အား ၃ ဒသမ ၁ ရစ်(ခ်) တာစကေးနဲ့ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။

ယနေ့ နံနက်ပိုင်းနဲ့ မွန်းလွဲပိုင်းအချိန်ထိ ငလျင်အသင့်အတင့် ၆ ကြိမ် လှုပ်ခဲ့သော်လည်း မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမူဦးစီးဌာန ငလျင် လှုပ်ခတ်မူကို ၃ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ပဲ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Related posts

၂၀၀၈ ကို ကိုင်စွဲထားရင် ကာ/လုံ က ၆ လအတွင်း ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ဖို့လို

Rakhita Times

AA နဲ့အတူ ကပစ (၁၆) ကို BPLA ပါ ပူးပေါင်းတိုက်ခိုက်နေ

Rakhita Times

ရက္ခိုင်ကို လေကြောင်းဗုံးကြဲပြီး စေ့စပ်ဆွေးနွေးရေးလာဖို့ လုပ်လို့မရဘူး

Rakhita Times

2 comments

https://perusilk54.werite.net/8-echtgeld-casinos-im-test-2026-sicher-einzahlen-and-gewinnen ဧပြီ 14, 2026 at 7:14 ညနေ

References:

Online Casino Echtgeld Skrill

References:
https://pads.zapf.in/s/GXWF6_FrCU

Reply
https://srsbkn.eu.org/ မေ 4, 2026 at 1:09 မနက် Reply

Leave a Comment