မြောက်ဦးတွင် သုံ့ပန်း ၂၀၀ နီးပါး AA လွှတ်ပေး၊ တပ်ရင်းမှူးကတော်ပါ ပါဝင်

အာရက္ခတိုင်းမ်စ် (၂၀ မေ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းထဲမှ သုံ့ပန်းမိသားစု ၁၈၄ ယောက်ကို မေလ ၁၈ရက်က လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လွှတ်ပေးလိုက်တာထဲမှာ ခမရ (၅၄၀) က တပ်ရင်းမှူးကတော် ဒေါ်မေသူဝင်းလည်း ပါတယ်” လို့ မြောက်ဦးမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မေလ ၁၈ ရက် တစ်နေ့တည်းမှာ အာရက္ခတပ်တော်က ဘူးသီးတောင်မြို့တွင်လည်း ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းမိသားစု ၃၁၄ ယောက် ကိုလည်း လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းထဲက ၂၂၅ ယောက်ကို ဒုတိယအကြိမ်အဖြစ် အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

အလားတူ ပထမအကြိမ်အဖြစ် ဧပြီလ ၁၃ ရက်က အတာနှစ်ကူးအထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းမိသားစု ၁၇၀ ကို လွှတ်ပေးခဲ့ပါတယ်။

Related posts

စကမ က ရုရှားနဲ့ စစ်ရေးထက် စီးပွါးရေးကို ဦးတည်နေလား

ဂွမြို့နယ် ဆပ်သွားရွာကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းသားပါ နှစ်ဦး ဒဏ်ရာရ

သစ်ပုတ်တောင်တန်းကို စစ်ကောင်စီက ဗုံး ၂ လုံး လာကြဲ တိုက်ခိုက်