ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ မီးရှို့ဖျက်ဆီး

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၅)

ညီနောင်မဟာမိတ် ၃ ဖွဲ့ အုပ်ချုပ်နေတဲ့ မိုင်းယု ၁၀၅ မိုင် တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်းအမှတ်နေ့အဖြစ် ဇွန်လ ၂၆ ရက်က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အများပြည်သူရှေ့မှာ မီးရှို့ဖျက်ဆီးတာ။ ပမာဏတော့ တော်တော်များပါတယ်” လို့ မိုင်းယု ၁၀၅ မိုင်က ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုင်းယု ၁၀၅ မိုင်ဟာ တအာင်းပြည် တပ်မဟာ ၇ နယ်မြေ နမ့်ခမ်းခရိုင်တွင် တည်ရှိတာလည်း ဖြစ်ပါတယ်။

အဆိုပါ မိုင်းယု ၁၀၅ မိုင်ကို အာရက္ခတပ်တော် AA ၊ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA တို့ စုပေါင်း အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂) ခွက်၊ အထုပ် (၂) ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃) ခု၊ Happy Water (၅၆) ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀) ပြား နဲ့ ဘိန်းမည်း (၁) ထုပ် တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါ။

Related posts

အမ်းမြို့နယ် တပ်တောင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ သံသယရှိသူကို ဒီလပ်ဖမ်းဆီး

 Scarlet Heart Thailand တွင် ရက္ခိုင်ဆီမီးခွက်အက ခိုးယူသုံးစွဲမှု ကန့်ကွက်ခံရ

စစ်ကောင်စီထောက်ခံ ချန်နယ်ရဲ့ ငပြီကျွန်းဗီဒီယိုမှာ AI နဲ့ ဖန်တီးထား