NewsPolitic

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ မီးရှို့ဖျက်ဆီး

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၅)

ညီနောင်မဟာမိတ် ၃ ဖွဲ့ အုပ်ချုပ်နေတဲ့ မိုင်းယု ၁၀၅ မိုင် တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်းအမှတ်နေ့အဖြစ် ဇွန်လ ၂၆ ရက်က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အများပြည်သူရှေ့မှာ မီးရှို့ဖျက်ဆီးတာ။ ပမာဏတော့ တော်တော်များပါတယ်” လို့ မိုင်းယု ၁၀၅ မိုင်က ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုင်းယု ၁၀၅ မိုင်ဟာ တအာင်းပြည် တပ်မဟာ ၇ နယ်မြေ နမ့်ခမ်းခရိုင်တွင် တည်ရှိတာလည်း ဖြစ်ပါတယ်။

အဆိုပါ မိုင်းယု ၁၀၅ မိုင်ကို အာရက္ခတပ်တော် AA ၊ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA တို့ စုပေါင်း အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂) ခွက်၊ အထုပ် (၂) ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃) ခု၊ Happy Water (၅၆) ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀) ပြား နဲ့ ဘိန်းမည်း (၁) ထုပ် တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါ။

Related posts

စစ်ကောင်စီရဲ့ မိုင်းကြောင့် ထိခိုက်သူ နေ့စဉ်ရှိနေ

Rakhita Times

ရက္ခိုင်ပြည်အတွက် ကောင်းသောနမိတ်ဖြစ်စေတဲ့ သမိုင်းဝင်ယတြာခေါင်းလောင်းကို ရှာဖွေတွေ့ရှိခဲ့

Rakhita Times

စစ်တွေမှာ Mytel အင်တာနက်နဲ့ MyID တစ်ခုသာ သုံးလို့ရ

Rakhita Times

172 comments

Leave a Comment