AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် ပြည်သူတွေလိုလားနေ

အာရက္ခတိုင်းမ်စ် (၁ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ ချဲဒိုင် (၂ လုံး၊ ၃ လုံးထီ) တွေကို အရေးယူပေးရန် ပြည်သူတွေ အနေနဲ့ လိုလားနေတယ်လို့ သိရပါတယ်။

“ပိုက်ဆံရှိတဲ့သူတွေက စလောင်းကနေကြည့်ပြီ ၂ လုံး၊ ၃ လုံးတွေ ရောင်းကြတယ်။ အလုပ်အကိုင်ရှားပါးတော့ လူတွေက မျှော်လင့်ချက်တွေနဲ့ ထိုးကြတယ်။ ထိုးရင်းနဲ့ ပိုမွဲလာတော့ ခိုးတာ ဝှက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် အာရက္ခတပ်တော်ရဲ့ လူကြီးတွေအနေနဲ့ အရေးယူတာတွေ လုပ်ပေးစေချင်ပါတယ်” လို့ ရက္ခိုင်လွတ်မြောက်နယ်မြေက ဒေသခံပြည်သူ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ လောင်းကစားပြုလုပ်ခွင့် တားမြစ်ထားပေမယ့် ချဲထီကိုတော့ ရောင်းချတာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

“အခုဆို တပ်တော်က ဘယ်လောင်းကစားလုပ်တာကိုမှ ခွင့်မပြုဘူး။ တရားဝင်ပြောထားတော့ မလုပ်ရဲကြဘူး။ ချဲထီကျတော့ အောက်ခြေပေါင်းပြီး ရောင်းတယ်။ ဒါကို စီစစ်ပြီး အရေးယူစေချင်ပါတယ်” လို့လည်း သူက ထပ်မံ ဆိုပါတယ်။

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေအချို့မှာ ၂ လုံးထီကို ၁ ပတ် ၅ ရက်၊ ၁ ရက် ၂ ကြိမ် ရောင်းချနေပြီး ၃ လုံးထီကိုတော့ ၁ လ ၂ ကြိမ် ရောင်းချနေတယ်လို့ သိရပါတယ်။

Related posts

သံတွဲသား ထွန်းနိုင်စိုးရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရခိုင်ယူနိုက်တက် V.U.E Nay Pyi Taw ကိုနိုင်

ရခိုင်ယူနိုက်တက် လေးပွဲဆက် အနိုင်ရလို့ ကစားသမားနဲ့ နည်းပြအဖွဲ့ကို ၇၂ သိန်း ဂုဏ်ပြုဆုငွေ ချီးမြှင့်

‎ရွေးကောက်ပွဲအတုက သမ္မတအတု၏ အတုအယောင်ဖြစ်သော ငြိမ်းချမ်းရေးအတုဆွေးနွေးပွဲနှင့် အုတ်နံရံကို ခေါင်းဖြင့်ဆောင့်နေရသည့် ရဲဝင်းဦး၏ စစ်ရေးဗျူဟာ