ပုဏ္ဏားကျွန်းက ဗျာလစစ်ဘေးရှောင်စခန်းကို လေကြောင်းက ဗုံးကြဲလို့ ၁၀ ဦးထက်မနည်းသေ၊ ၁၈ ဦးခန့် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဗျာလစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီလေတပ်က ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက် ညနေ ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။

မြေပြင်မှာ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေနဲ့ ပျက်စီးနေတဲ့ အဆောက်အအုံတွေကြား ပိတ်မိနေသူတွေ ရှိနေသေးလို့ သေဆုံးသူ၊ ဒဏ်ရာရသူစာရင်း ပိုမြင့်လာနိုင်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ရခိုင်လူငယ်မျိုးချစ်ဖောင်ဒေးရှင်းက အရေးပေါ် သွားရောက် ကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒီစခန်းကို အောက်တိုဘာလ ၄ ရက်မှာလည်း ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ – ရခိုင်လူငယ်မျိုးချစ်ဖောင်ဒေးရှင်း

Related posts

ပုဏ္ဏားကျွန်းက စစ်ရှောင်စခန်းကို ညနေ ၇ နာရီခန့်က ဗုံးကြဲလို့ စစ်ဘေးရှောင် ၈ ဦးသေဆုံး

ရန်ကုန်မြို့တော်မှ အဖရက္ခိုင်ပြည်သို့ အပြန်ခရီးစဉ် (အက်ဆေး)

မြောက်ဦးမြို့ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရလို့ AA ထုတ်ပြန်