အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် မင်းပြားမြို့နယ်က ကျေးရွာပေါင်း ၁၆ ရွာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက သိရပါတယ်။
“ ပန်းမြောင်းချောင်းရေကြီးတာပေါ့။ ၂၀၁၅ တုန်းကလည်း အခုလိုပဲ ပန်းမြောင်းချောင်းတလျောက်က ရွာတွေ အကုန်ရေမြုပ်တယ်။ သောက်ရေကန်တွေပါမြုပ်တော့ တော်တော်ကို ဒုက္ခရောက်ခဲ့ရတယ်။ ဒီနှစ်တော့ အဲလောက် မမြုပ်ပါစေနဲ့ပဲ ဆုတောင်းနေရတယ်” လို့ မင်းပြားမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိ မင်းပြားမြို့နယ်က ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေကတော့ လက်ခုတ်၊ မြင်းတင်မ၊ ဒုံးသား၊ တံခွန်တိုင်၊ ချင်းဆိပ်၊ တောတန်း၊ သာစည်၊ ချောင်းတို၊ ကပ္ပဲ့၊ ပုလဲတောင်၊ ဝါးတောင်၊ အသေကာလ၊ မင်းဖူး၊ မြင်းကဆိပ်၊ ကုလားမတောင် နဲ့ ဒုံကြီး တို့ပဲ ဖြစ်ပါတယ်။
အလားတူ ဇူလိုင်လ ၉ ရက်ကလည်း မင်းပြားမြို့နယ်က ကျေးရွာပေါင်း ၁၄ ရွာ ရေနစ်မြုပ်ခဲ့ပါတယ်။
“ ၂၀၁၅ တုန်းကလည်း ရေအကြီးအကျယ်ကြီးဖူးတယ်။ အဲတုန်းက သောက်ရေကန်တွေထဲကို ဆားငံရေတွေဝင်လို့ ရေကန်တွေ အကုန်ဖော်ရတယ်။ အဲတုန်းကတော့ ပရဟိတအဖွဲ့တွေ လာကူပေးကြတယ်။ အခုအနေအထားနဲ့ လာကူပေးကြဖို့ကလည်း မလွယ်ဘူး။ စက်သုံးဆီဈေးကလည် မိုးပေါ်မှာဆိုတော့ သောက်ရေကန်ကို ဆားငံရေဝင်မှာပဲ စိုးရိမ်နေရတယ်” လို့ မင်းပြားမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်တွင် ၂၀၂၅ ခုနှစ် ဇွန်လကုန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းလို့ လူဦးရေ ၁၂၀၀၀ ကျော် အရေးပေါ် အကူညီလိုနေတယ်လို့လည်း သိရပါတယ်။
“လက်ရှိ ရေလွှမ်းမိုးခံရတဲ့ ဒေသများကို HDCO က သွားရောက်ပြီး အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနဲ့အတူ ရေဘေးသင့် အချက်အလက်များကိုပါ ကောက်ခံလျက်ရှိပါတယ်။ လက်ရှိ ကောက်ခံထားတဲ့ စာရင်းများအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ (၉၀) က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက် ရှိပါတယ်” လို့ HDCO က ဆိုပါတယ်။
၂၀၂၅ ခုနှစ၊ ဇွန်လကုန်က စတင်ပြီး မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြိုနယ်တွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုမျာင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Photo – APM
1 Comment
Нужен проектор? projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.