စစ်တွေတွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၃ ဦး စစ်ကောင်စီ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၅ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့တွင် အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီက သြဂုတ်လ ၃ ရက် ညအချိန်တွင် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ စက်ရုံစုရပ်ကွက် ရဲအင်အား ၅၀ နီးပါးနဲ့ ည ၁၀ နာရီလောက်မှာ ဧည့်စာရင်းလာစစ်တယ်။ ပြီးတော့ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ စစ်တွေမြို့ ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံလိုက်ရသူတွေကတော့ စက်ရုံစုရပ်ကွက်က ဒေါ်မဦးခင် (အသက် ၃၆ နှစ်၊ ကိုဝင်းမင်းဇော် (အသက် ၂၃ နှစ်) နဲ့ ကိုအောင်ကျော်ဌေး (အသက် ၂၄ နှစ်) တို့ပဲ ဖြစ်ပါတယ်။

“ သူတို့က (စစ်ကောင်စီ) ရက္ခိုင်မှန်ရင် AA သတင်းပေးတွေလို့ စွပ်စွဲတယ်။ ဖမ်းတယ်၊ နှိပ်စက်တယ်။ ဒီမှာ (စစ်တွေ) သူတို့ကို (စစ်ကောင်စီ) တော်တော်လေး သတိထား သွားလာနေရတယ်။ ညနေ မှောင်တာနဲ့ အိမ်ပြင်ကို မထွက်ရဲကြဘူး” လို့ စစ်တွေမြို့ ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီဟာ ဇူလိုင်လ ၁၆ ရက်ကလည်း စစ်တွေမြို့ နန္ဒာရာမဘုန်းတော်ကြီးမှာ ခိုလုံနေတဲ့ အသက် ၃၈ နှစ် အရွယ် ကိုသောင်းမင်းကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ