NewsPolitic

စစ်တွေတွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၃ ဦး စစ်ကောင်စီ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၅ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့တွင် အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီက သြဂုတ်လ ၃ ရက် ညအချိန်တွင် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“စက်ရုံစုရပ်ကွက် ရဲအင်အား ၅၀ နီးပါးနဲ့ ည ၁၀ နာရီလောက်မှာ ဧည့်စာရင်းလာစစ်တယ်။ ပြီးတော့ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ စစ်တွေမြို့ ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံလိုက်ရသူတွေကတော့ စက်ရုံစုရပ်ကွက်က ဒေါ်မဦးခင် (အသက် ၃၆ နှစ်၊ ကိုဝင်းမင်းဇော် (အသက် ၂၃ နှစ်) နဲ့ ကိုအောင်ကျော်ဌေး (အသက် ၂၄ နှစ်) တို့ပဲ ဖြစ်ပါတယ်။

“သူတို့က (စစ်ကောင်စီ) ရက္ခိုင်မှန်ရင် AA သတင်းပေးတွေလို့ စွပ်စွဲတယ်။ ဖမ်းတယ်၊ နှိပ်စက်တယ်။ ဒီမှာ (စစ်တွေ) သူတို့ကို (စစ်ကောင်စီ) တော်တော်လေး သတိထား သွားလာနေရတယ်။ ညနေ မှောင်တာနဲ့ အိမ်ပြင်ကို မထွက်ရဲကြဘူး” လို့ စစ်တွေမြို့ ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီဟာ ဇူလိုင်လ ၁၆ ရက်ကလည်း စစ်တွေမြို့ နန္ဒာရာမဘုန်းတော်ကြီးမှာ ခိုလုံနေတဲ့ အသက် ၃၈ နှစ် အရွယ် ကိုသောင်းမင်းကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Related posts

AA နဲ့ တွေ့ဆုံဆွေးနွေးရေးက လက်တွေ့ကျတဲ့ အဖြေဖြစ်

Rakhita Times

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် ပြည်သူတွေလိုလားနေ

Rakhita Times

သိမ်းပိုက်ထားတဲ့ မြို့တွေကို ULA/AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်

Rakhita Times

1 comment

Casino mit Schweizer Lizenz ဇွန် 17, 2026 at 3:02 ညနေ

References:

No Deposit Bonus Vulkan Casino mit Schweizer Lizenz

Reply

Leave a Comment