ကျောက်တော် မြောက်ဦးမှာ ပိုက်ဆံ ရာတန်တွေ အသုံးမဝင်သလို ဖြစ်နေ

အာရက္ခတိုင်းမ်စ် (၈ သြဂုတ် ၂၀၂၅)

ရက္ခိင်ပြည်တွင် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ပိုက်ဆံ ရာတန်တွေ အသုံးမဝင်သလို ဖြစ်နေတယ်လို့ သိရပါတယ်။

“ အခု ရက္ခိုင်မှာ ကျောက်တော် မြောက်ဦးတို့မှာ တရာတန် နှစ်ရာတန် ပိုက်ဆံ အသုံးမဝင်၊ ငါးရာတန်တောင် မယူချင်ကြဘူး။ သီလရှင်တောင် အလှူထည့်ရင် မယူဘူး” လို့ မြောက်ဦးဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်တော် မြောက်ဦးနည်းတူ တချို့မြို့နယ်တွေမှာလည်း တရာတန်၊ နှစ်ရာတန်ကို မယူကြသဖြင့် ကုန်သည်တွေက စျေးလျော့ပြီး ဝယ်ယူနေတယ်လို့ သိရပါတယ်။

“ ပိုက်ဆံတွေ နည်းနည်း နွမ်းလို့မရ နွမ်းရင်သုံးလို့မရ။ အဓိကကတော့ ငွေလွှဲ ငွေထုတ် သမားတွေ လုပ်နေတာ” လို့ မြောက်ဦးဒေသခံတဦးက ဆက်လက် ပြောပါတယ်။

၂၀၂၄ခုနှစ် ဇူလိုင်လတွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်များတွင် ဟောင်းနွမ်းငွေစက္ကူများ လက်ခံကြရန်နဲ့ လက်မခံပါက အရေးယူမယ်လို့ အာရက္ခတပ်တော်က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အာရက္ခတပ်တော်က ဒေသန္တရအမိန့်ထုတ်ပြန်ပေမယ့် ကုန်သည်တွေက လက်မခံလို့ ဒေသခံပြည်သူတွေအနေနဲ့ ကုန်သည်တွေ လက်ခံအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ