အာရက္ခတိုင်းမ်စ် (၁၇ ဩဂုတ် ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က သပြုတောင်ကျေးရွာကို စစ်ကော်မရှင်ရဲ့ တပ်သားတွေ ဝင်ရောက်ဖျက်စီးခဲ့ကြောင်း စပ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေ အတည်ပြုထားပါတယ်။
“ သြဂုတ်လ ၁၆ ရက် (ဒီနေ့) မှာ ကျောက်ဖြူမြို့နယ် သပြုတောင်ရွာကို တပ်မတော်က နယ်မြေရှင်းလင်းခဲ့” လို့ စပ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေက ရေးသားကြပါတယ်။
အဆိုပါကဲ့သို့ ရေးသားပြီး ဒီကနေ့မှာတော့ သပြုတောင်ရွာပျက်စီးနေတဲ့ ဓာတ်ပုံများကို ဆက်လက် ဖြန့်ဝေခဲ့ကြပါတယ်။
ကျောက်ဖြူမြို့နယ် သပြုတောင်ကျေးရွာကို ကျောက်ဖြူအခြေစိုက် ခမရ ၅၄၃ က တပ်သားတွေက ဝင်ရောက်ဖျက်စီးခဲ့တာလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ ကုလဘာ၊ လိပ်ခမော်ရွာသစ် နဲ့ ရွာဟောင်းကိုလည်း သြဂုတ်လ ၁၄ ရက်က ဒရုန်းနဲ့ လာရောက် ဗုံးကြဲ ဖျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကြက်တိန်၊ စည်မော်၊ စစ်တော နဲ့ ဦးကင်းရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
ဓာတ်ပုံ – သပြုတောင်ရွာ ပျက်စီးနေပုံကို စစ်တပ်ချန်နယ်က ဝါဒဖြန့်နေပုံ
ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။