NewsPolitic

ကျောက်ဖြူ သပြုတောင်ရွာကို ဖျက်စီးခဲ့ကြောင်း စစ်တပ်ချန်နယ်က အတည်ပြု

အာရက္ခတိုင်းမ်စ် (၁၇ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က သပြုတောင်ကျေးရွာကို စစ်ကော်မရှင်ရဲ့ တပ်သားတွေ ဝင်ရောက်ဖျက်စီးခဲ့ကြောင်း စပ်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေ အတည်ပြုထားပါတယ်။

“သြဂုတ်လ ၁၆ ရက် (ဒီနေ့) မှာ ကျောက်ဖြူမြို့နယ် သပြုတောင်ရွာကို တပ်မတော်က နယ်မြေရှင်းလင်းခဲ့” လို့ စပ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေက ရေးသားကြပါတယ်။

အဆိုပါကဲ့သို့ ရေးသားပြီး ဒီကနေ့မှာတော့ သပြုတောင်ရွာပျက်စီးနေတဲ့ ဓာတ်ပုံများကို ဆက်လက် ဖြန့်ဝေခဲ့ကြပါတယ်။

ကျောက်ဖြူမြို့နယ် သပြုတောင်ကျေးရွာကို ကျောက်ဖြူအခြေစိုက် ခမရ ၅၄၃ က တပ်သားတွေက ဝင်ရောက်ဖျက်စီးခဲ့တာလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ကုလဘာ၊ လိပ်ခမော်ရွာသစ် နဲ့ ရွာဟောင်းကိုလည်း သြဂုတ်လ ၁၄ ရက်က ဒရုန်းနဲ့ လာရောက် ဗုံးကြဲ ဖျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဓာတ်ပုံ – သပြုတောင်ရွာ ပျက်စီးနေပုံကို စစ်တပ်ချန်နယ်က ဝါဒဖြန့်နေပုံ

ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

ရက္ခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးကို စစ်ကောင်စီ ပြန်လွှတ်၊ ပြန်ဖမ်း ထောင်ပြန်ချ

Rakhita Times

စစ်တွေသူ မသီရိစိုး အမှတ်ပေါင်း ၅၆၂ မှတ်နဲ့ the whole burma first ရရှိ

Rakhita Times

စစ်ကျန်လက်နက် ဆော့ကစားလို့ ကလေး ၂ဦး၊ လူကြီး ၁ဦး သေဆုံး

Rakhita Times

5 comments

Leave a Comment