အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်က ရွေးတုအစိုးရတပ်ထံမှ သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ စစ်သုံပန်းများအပြင် သေဆုံးသူ ရွေးတုအစိုးရတပ်ဖွဲ့ဝင်တချို့ကို သတင်းထုတ်ပြန်လိုက်ပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းများတွင် စက်သေနတ်များ၊ လက်နက်ကြီးများ၊ ဒရုန်းများ၊ ခဲယမ်းမီးကျောက်များနဲ့ စစ်ဝတ်စုံအချို့ ပါဝင်တာကို တွေ့ရပါတယ်။
အဆိုပါ တိုက်ပွဲများနဲ့ ပတ်သက်ပြီး နောက်ထပ် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများနဲ့ ရန်သူများကိုလည်း ထပ်မံ ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။