မြောက်ဦးကို ညအချိန် စစ်ကော်မရှင် ဗုံးကြဲလို့ ပြည်သူ ၁၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၆ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်ကို စစ်ကော်မရှင်က ည ၁၁ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲလို့ ဒေသခံပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။

စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးနဲ့ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ရှိ စိုက်ပျိုးရေး ဂိုထောင်နားတွင် ကျရောက်ပေါက်ကွဲခဲ့လို့ အနီးအနားမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးထိခိုက်သူ စာရင်းနဲ့ အချက်အလက်များကို ဆက်လက်တင်တက်ပေးပါမယ်။

ဓာတ်ပုံကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း AA သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်များ

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ