စစ်တွေမှာ စကမ ရောင်းတဲ့ စျေးပေါဆန် စားပြီး ရောဂါတွေရနေ

အာရက္ခတိုင်းမ်စ် (၁ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ စစ်ကော်မရှင် ရောင်းချတဲ့ စျေးပေါတဲ့ ဆန်တွေစားပြီး ဒေသခံတွေ ရောဂါတွေ ရရှိနေတယ်လို့ သိရပါတယ်။

အရင်က ဒေသခံတွေဟာ ဆန်ကြမ်းကို စားကြပေမယ့်လက်ရှိမှာတော့ ဒေသအခေါ် ကိုရီးယားဆန် အိတ်မှာ ကိုရီးယားနိုင်ငံရဲ့ အလံပါတဲ့ ဆန်က ဈေးနှုန်းသက်သာတာကြာင့် ၀ယ်စားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဆန်ကို စားတဲ့အခါမှာ လေးဘက်နာရောဂါလို အဆစ်အမြစ်ကိုက်ခဲတာ၊ ဒူးနာ၊ ခေါင်းကိုက်တဲ့ရောဂါ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“ ၁ လကို ၁ သောင်းလောက် တက်တယ်။ ၁ လ ၁ ခါ တက်တယ်။ ဆန်က ကိုရီးယားဆန်ဆိုပြီးတော့လေ ကိုရီးယားတံဆိပ်နဲ့ ကိုရီးယားဆန် ၁ သိန်း ၃ သောင်းခွဲလား၊ ၁ သိန်းခွဲလား မသိဘူး။ အဲဒီကိုရီးယားဆန် တော်တော်များများ စားနေကြတယ်။ အဲဒီကိုရီးယားဆန်စားပြီးတော့ နောက်ပိုင်း လူတွေ ကိုက်ခဲ အဲဒီရောဂါတွေ ဖြစ်ကြတယ်လို့ ပြောတယ်။ တော်တော်များများ ခြေထောက်တွေ လေးဘက်နာလို အဆစ်အမြစ်ကိုက်တာ” လို့ ပြောပါတယ်။

အဲဒီဆန်က ဆန်ချောအမျိုးအစားဖြစ်တဲ့ ပေါ်ဆန်းမွှေးဆန်လိုဖြစ်နေပြီး ချက်တဲ့အခါမှာ အိုးတက်တာကြောင့် ပုံမှန်ထက် ထမင်းပိုရတယ်လို့​ ပြောပါတယ်။

“ အဲဒါတွေက ဈေးတော်တာ မဟုတ်ဘူး။ အဲဒါတွေကလေ ပေါ်ဆန်းမွှေးလိုပဲတဲ့ အိစက်ပြီးတော့ မွှေးအိနေတာ။ ဖွာဖွာကြီး ဖြစ်မနေဘဲ စေးပြီး အိနေတာပဲလို့ ပြောတယ်။ လူတိုင်း မိသားစု များတဲ့သူတွေ စားဖို့အတွက် အိုးတက်တယ်တဲ့” လို့ ပြောပါတယ်။

လက်ရှိ စစ်တွေမှာ ရောင်းချနေတဲ့ ကိုရီးယားဆန်ဟာ ဆန်အိတ်မှာ ကိုရီးယားနိုင်ငံရဲ့ အလံပါနေတာရယ်၊ မြန်မာမှာ စိုက်ပျိုးတဲ့ ဆန်အမျိုးအစားတွေနဲ့ မတူတာကြောင့် ဒီဆန်တွေက ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို အကြောင်းအရာ တစ်ခုခုနဲ့ ထောက်ပံ့မှုအနေနဲ့ လှူဒါန်းထားတဲ့ ဆန်တွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ဒါကို အာဏာပိုင်တွေက လိုအပ်တဲ့နေရာတွေကို မထောက်ပံ့ဘဲ ရောင်းစားနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

4 Comment

Anya153El ဇန်နဝါရီ 20, 2026 - 11:09 ညနေ

Hello team!
I came across a 153 helpful platform that I think you should browse.
This site is packed with a lot of useful information that you might find helpful.
It has everything you could possibly need, so be sure to give it a visit!
https://suntonfx.com/how-to-log-in-at-22bet-to-use-interface/

And don’t overlook, everyone, — a person always can within this piece locate answers for your the very confusing inquiries. Our team tried to present all of the information via the most easy-to-grasp method.

Anya153El ဇန်နဝါရီ 23, 2026 - 7:33 ညနေ

Hello folks!
I came across a 153 useful site that I think you should visit.
This resource is packed with a lot of useful information that you might find interesting.
It has everything you could possibly need, so be sure to give it a visit!
https://www.informationng.com/2022/10/how-to-learn-to-say-no-five-simple-steps.html

Additionally remember not to overlook, everyone, that a person constantly can inside this particular article discover responses for the most the very tangled inquiries. Our team made an effort — present all of the content using the most very accessible way.

IrvingSkymn ဇန်နဝါရီ 26, 2026 - 1:03 မနက်

химчистка обуви внутри химчистка обуви

Wayneembep ဇန်နဝါရီ 29, 2026 - 9:34 မနက်

Лучшее казино ап икс официальный играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.

Add Comment