စကမ ရဲ့ ကပစ ၆ ကို AA ထိုးစစ်ဆင်၊ ကာကင်းအချို့ သိမ်းပိုက်ရရှိ

အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၅)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီးက စစ်ကော်မရှင်ရဲ့ ကပစ ၆ ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တို့ ထိုးစစ်ဆင်နေပြီး ကာကင်းအချို့တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ ဆင်လန်ရွာ တဝိုက်က ကာကင်းတွေကို သိမ်းလိုက်ပြီလို့ သိရတယ်။ ၃ ရက်လောက်ရှိပြီ လက်နက်ကြီးသံတွေကို ဆက်တိုက်ကြားနေရတာ။ ဒရုန်းတွေနဲ့လည်း ချတယ်။ ပြည်ဖက်က အင်အားဖြည့်တာတွေလည်း တွေ့နေရတယ်” လို့ ပန်းတောင်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာတွင် တည်ရှိတဲ့ ကပစ (၆) ကို လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင် စတဲ့ စခန်းတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။

“ အခု သိမ်းတာက ထပ်တိုးကာကင်းခေါ်မှာပေါ့။ ကပစ ၆ ကို ရောက်ဖို့ မိုင်အားဖြင့် ၅ မိုင် နဲ့ ၇ မိုင်ကြားလောက်ပဲ လိုတော့တယ်” လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ကပစ (၆) တွင် လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများကို ထုတ်လုပ်ပေးတဲ့ သံမဏိစက်ရုံကို တရုတ်ပညာရှင်များက တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။

အလားတူ ဥသျှစ်ပင်မြို့ တောင်ဖက်တွင်လည်း စစ်ကော်မရှင်ရဲ့ ကပစ ၅ နဲ့ ကပစ ၉ တို့ အခြေစိုက်ထားတာလည်း ဖြစ်ပါတယ်။

Related posts

ကျိန္တလီကို ရွေးတုအစိုးရတပ် ဗုံးချလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ

ညောင်ကျိုးကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ် လေ‌လာတောင်တွင် AA ရဲ့ တိုက်ခိုက်ခြင်းခံရ

စစ်တွေ ဒကစ အနီးက ရွာတွေကို ရွေးတုအစိုးရတပ် ဖျက်ဆီးပြီး စစ်စခန်းလုပ် ခံစစ်ပြင်နေ

5 Comment

trustly-online-casinos.online-spielhallen.de ဇွန် 15, 2026 - 6:07 ညနေ

References:

Best online casino uk trustly-online-casinos.online-spielhallen.de

https://munchen-casino.online-spielhallen.de/ ဇွန် 15, 2026 - 6:08 ညနေ

References:

Online casinos south africa https://munchen-casino.online-spielhallen.de/

kostenloses bonus ohne einzahlung casino ဇွန် 16, 2026 - 7:34 ညနေ

References:

Rio Hotel Las Vegas kostenloses bonus ohne einzahlung casino

https://fairytalescreation.com ဇွန် 17, 2026 - 5:05 မနက်

References:

Random number generator online https://fairytalescreation.com

https://lms.pidernegi.org/employer/best-payid-casinos-australia-2026-for-quick-withdrawals ဇွန် 17, 2026 - 8:09 မနက်
Add Comment