ပလက်ဝတွင် AA က ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးနေ

အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၅)

ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် ရဲ့ စစ်ဆေးရေးဂိတ်တွင် သြဂုတ်လကစတင်ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနေတယ်လို့ သိရပါတယ်။

“တပ်တော််ရဲ့စစ်ဆေးရေးဂိတ်မှာ နိုင်ငံကူးလက်မှတ် လုပ်ရတယ်။ နိုင်ငံကူးလက်မှတ် လုပ်မှသာ မီဇိုရမ်ဘက် သွားခွင့်ပြုတယ်” လို့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တေ် ရဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ယူရန် ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်၊ ခရီးသွားရတဲ့အကြောင်းရင်း နဲ့ ခရီးကြာချိန်ပါ ဖြည့်သွင်းရတယ်လို့လည်း သိရပါတယ်။

ပလက်ဝတွင် ထုတ်ပေးနေတဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်မှာ အာရက္ခတပ်တော် ရဲ့ နယ်စပ်ဆက်ဆံရေးရုံးတံဆိပ်နဲ့ ထုတ်ပေးနေပြီး အိန္ဒိယကို သွားရောက်တဲ့ စစ်ဆေးရေးဂိတ်ကသာ ပြန်လည်ဝင်ရောက်ရမယ်လို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွင် ဖော်ပြပါရှိပါတယ်။

အာရက္ခတပ်တော်အနေနဲ့ အိန္ဒိယနယ်စပ် နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Related posts

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ

စစ်တွေတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲ၊ မူဆလင်ကလေးငယ် အပါအဝင် ၇ ဦး ဒဏ်ရာရ