NewsPolitic

စကမ ရဲ့ ကပစ ၆ ကို AA ထိုးစစ်ဆင်၊ ကာကင်းအချို့ သိမ်းပိုက်ရရှိ

အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၅)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီးက စစ်ကော်မရှင်ရဲ့ ကပစ ၆ ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တို့ ထိုးစစ်ဆင်နေပြီး ကာကင်းအချို့တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဆင်လန်ရွာ တဝိုက်က ကာကင်းတွေကို သိမ်းလိုက်ပြီလို့ သိရတယ်။ ၃ ရက်လောက်ရှိပြီ လက်နက်ကြီးသံတွေကို ဆက်တိုက်ကြားနေရတာ။ ဒရုန်းတွေနဲ့လည်း ချတယ်။ ပြည်ဖက်က အင်အားဖြည့်တာတွေလည်း တွေ့နေရတယ်” လို့ ပန်းတောင်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာတွင် တည်ရှိတဲ့ ကပစ (၆) ကို လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင် စတဲ့ စခန်းတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။

“အခု သိမ်းတာက ထပ်တိုးကာကင်းခေါ်မှာပေါ့။ ကပစ ၆ ကို ရောက်ဖို့ မိုင်အားဖြင့် ၅ မိုင် နဲ့ ၇ မိုင်ကြားလောက်ပဲ လိုတော့တယ်” လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ကပစ (၆) တွင် လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများကို ထုတ်လုပ်ပေးတဲ့ သံမဏိစက်ရုံကို တရုတ်ပညာရှင်များက တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။

အလားတူ ဥသျှစ်ပင်မြို့ တောင်ဖက်တွင်လည်း စစ်ကော်မရှင်ရဲ့ ကပစ ၅ နဲ့ ကပစ ၉ တို့ အခြေစိုက်ထားတာလည်း ဖြစ်ပါတယ်။

Related posts

ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်

Rakhita Times

NUG အနေနဲ့ EAO တွေနဲ့ပေါင်းပြီး တိုက်နိုင်ရင် တော်လှန်ရေးနိုင်မယ်

Rakhita Times

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်ရှိ စစ်ရှောင်တွေကို စားနပ်ရိက္ခာ နဲ့ ခြင်ထောင်များ ထောက်ပံ့

Rakhita Times

16 comments

Leave a Comment