အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မြောက်ဦးမြို့ကို စစ်ကော်မရှင်က သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၁၅ ဦး အထိ သေဆုံးခဲ့ပါတယ်။
“မနေ့က (စက်တင်ဘာ ၆ ရက်) နေ့လည် ၂ နာရီလောက်မှာ အသက် ၃၀ အရွယ် အမျိုးသမီး တဦး ထပ်မံ ဆုံးသွားတယ် ” လို့ မြောက်ဦးမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်က စိုက်ပျိုးရေးဂိုထောင်အနီးကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။
“နောက်ထပ် ၃ ယောက်လည်း စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။
အာရက္ခတပ်တော်က သေဆုံးသူအရေအတွက် ၁၂ ယောက်ကို အတည်ပြုထားပေမယ့် လက်ရှိမှာတော့ သေဆုံးသူ ၃ ဦး ထပ်မံ တိုးလာတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ပေါင် ၅၀၀ နဲ့ ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် အလုံး ၂၀ ကျေ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
2 Comment
A convenient car catalog http://www.auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
Discover the thrill of real-money live casino action at live casino welcome offer, where you can enjoy live dealers, top software providers, and exclusive promotions.
Navigating maxispin-au.com is intuitive even for newcomers to the field.