ကျောက်တော် သရက်တပင်ရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကော်မရှင်ကို AAC ပြင်းပြင်းထန်ထန် ရှုတ်ချ

အာရက္ခတိုင်းမ်စ် (၁၄ စက်တင်ဘာ  ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်း ကျောင်း ၂ ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် အမေရိကန်ရောက် ရခိုင်လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့   Arakan American Community (AAC) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်လို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၃) ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်သူလူထုရဲ့ အနာဂတ်ကို ဖျက်စီးလိုတဲ့ ရည်ရွယ်နဲ့ လူမျိုးတုံး သတ်ဖြတ်မှု လုပ်ရပ်လည်းဖြစ်တယ်လို့ (AAC) ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြ ထားပါတယ်။

ကျောင်းသားများအပါအဝင် ဆရာ၊ ဆရာမများနဲ့  ပညာရေးအဖွဲ့အစည်း‌တွေကို ပစ်မှတ်ထားခြင်းဟာ ရက္ခိုင်ပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်ကို ချေဖျက်ဖို့ စစ်ကော်မရှင်က စနစ်တကျ လုပ်ဆောင်‌နေတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ရက္ခိုင်လူငယ်တွေရဲ့ အသံတွေကို နှုတ်ပိတ်ပြီး သူတို့ရဲ့ အနာဂတ်ခေါင်းဆောင်‌တွေကို  ဆုံးရှုံးစေလိုတာကြောင့် ပြည်သူတွေရဲ့ စိတ်ဓာတ်ကို အကြောက်တရား လွှမ်းအောင် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် (AAC) ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားတဲ့ အချက်သုံးချက်လည်း ပါဝင်နေပါတယ်။

အဲဒီချက်တွေကတော့ ကုလသမဂ္ဂနဲ့ ၎င်းတို့နဲ့ သက်ဆိုင်တဲ့ အဖွဲအစည်းတွေဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေအတွက် မြန်မာစစ်အစိုးရအား ချက်ခြင်း စုံစမ်းစစ်ဆေးရန်၊

နိုင်ငံတကာ အသိုင်းအဝိုင်းတွေက စစ်ကော်မရှင်ကို ပိုမို ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပြီး ရက္ခိုင်ပြည်ရှိ အရပ်သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်တွေပေးရန်နဲ့ အကြမ်းဖက်မှုကို တွန်းလှန်ရာမှာ ရက္ခိုင်နဲ့ မြန်မာနိုင်ငံက ပြည်သူတွေ စည်းလုံးညီညွတ်စွာ ရပ်တည်ရန် ဆိုတဲ့ အချက် သုံးချက် ပါဝင်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေတဲ့ စစ်ကော်မရှင်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ လကုန်ပိုင်းမှာ ရက္ခိုင်က မြို့နယ် ၁၄ ခုကို အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် ရက္ခိုင်က မြို့နယ်အချို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

5 Comment

casino bonus 75 ဖေ‌ဖော်ဝါရီ 22, 2026 - 10:55 မနက်

Найкращі казино з бонусами — депозитні акції, бездепозитні пропозиції та турніри із призами. Огляди та порівняння умов участі.

online casino 86 ဖေ‌ဖော်ဝါရီ 22, 2026 - 10:58 မနက်

Грати в найкраще інтернет казіно — широкий вибір автоматів та настільних ігор, вітальні бонуси та спеціальні пропозиції. Дізнайтеся про умови участі та актуальні акції.

online slots 92 ဖေ‌ဖော်ဝါရီ 22, 2026 - 7:17 ညနေ

Грати в слоти безкоштовно – великий каталог автоматів, бонуси за реєстрацію та регулярні турніри. Інформація про умови та можливості для гравців.

casino games 23 ဖေ‌ဖော်ဝါရီ 22, 2026 - 7:18 ညနေ

Онлайн казіно ігри – великий вибір автоматів, рулетки та покеру з бонусами та акціями. Огляди, новинки та спеціальні пропозиції.

auto 158 ဖေ‌ဖော်ဝါရီ 24, 2026 - 10:05 မနက်

A catalog of cars http://www.auto.ae/catalog/ across all brands and generations—specs, engines, trim levels, and real market prices. Compare models and choose the best option.

Add Comment