စစ်တွေဒေသခံတွေကို လိမ်ပြီး မဲပေးနည်း သင်တန်းပေး

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ စစ်ကော်မရှင်က ဒေသခံတွေကို လိမ်ပြီး မဲပေးနည်း သင်တန်း ပို့ချပေးခဲ့တယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးတွေက စစ်တွေဒေသခံတွေကို ၁၀ ယောက် ၁ အုပ်စု ဖွဲ့ပြီး ပြီးခဲ့တဲ့ လကတည်းက စာရင်းကောက်ခဲ့တာ ဖြစ်ပါတယ်။

အရင်က ဒီလို စာရင်းကောက်တာတွေရှိပြီး မြက်နှုတ်၊ မြောင်းဖော်၊ သန့်ရှင်းရေးလုပ်ခိုင်းပြီး နေ့စားအနေနဲ့ လုပ်ခရှင်းပေးတာတွေ ရှိတဲ့အတွက် ဒေသခံတွေဟာ ပိုက်ဆံရမယ်အထင်နဲ့ စာရင်းတွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့က စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ စာရင်းပေးထားတဲ့သူတွေကို လိမ်လည်ခေါ်ကာ ခိုင်သဇင်ပန်းခြံကို လာရောက်စေပြီး မဲပေးနည်း သင်တန်းကို ပို့ချခဲ့တာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်တွေ ပျက်ပြီး ဝင်ငွေတွေလည်း ထိခိုက်ခဲ့ရတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အလုပ်ကို ဖျက်ပြီး ဒီမှာ ပိုက်ဆံရမယ်ထင်ပြီး လာလုပ်ကြတာ။ တကယ့်တကယ်ကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ခိုင်သဇင်ပန်းခြံဆိုတဲ့ ခန်းမထဲမှာ ဟိန္ဒူတွေရော မွတ်ဆလင်တော့ မပါဘူးတဲ့။ လူအယောက် ၄၀၀၊ ၅၀၀၊ ၆၀၀ လောက်တော့ ရှိမယ်နဲ့တူတယ်။ အဲဒီလောက် လူတွေအများကြီးကို ခေါ်ပြီးတော့ မဲပေးတဲ့စနစ်ကို သင်တာတဲ့ ပြတာပေါ့နော် ဒီလိုလုပ်ရမယ်ဆိုပြီးတော့ ခလုတ်တွေရောတဲ့ အဲဒါကို လုပ်ရမယ်ဆိုပြီး လိမ်ခေါ်တာတဲ့ ပြောနေကြတာ” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်တွေကို နိုင်ငံတကာ အကူအညီနဲ့ ကယ်ဆယ်ရေး ထောက်ပံ့တဲ့ သင်္ဘောအပါအဝင် ကုန်စည်သင်္ဘော ၆ စီးခန့် ရောက်ရှိနေတာကြောင့် ဒေသခံတွေဟာ ကုန်ထမ်းတဲ့အလုပ်ကို ဆိပ်ကမ်းမှာ လုပ်နေကြတာပဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်က လိမ်လည်ခေါ်ပြီး မဲပေးနည်း သင်တန်းပြသတဲ့အတွက်ကြောင့် ဒေသခံအများအပြားဟာ လုပ်ငန်းပျက်သွားကြတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ကျမတို့က ဆိပ်ကမ်းမှာ နေ့စား ပုံမှန် ၁ သောင်းခွဲရနေတဲ့အလုပ်ကို ဒီနေ့ မသွားလိုက်တော့ မနက်ဖြန်ဆို မသေချာတော့ဘူးပေါ့နော်။ ဒီနေ့ သူတို့နေရာမှာ တခြားသူတွေ အစားထိုးလိုက်ရတော့ မနက်ဖြန်ဆို သူတို့ မသေချာတော့ဘူး။ ဒီသင်္ဘော မသေချာတော့ဘူး။ နောက်သင်္ဘောတစ်စီး ရရင်ရမှာပေါ့နော် အဲဒီလိုမျိုး ဖြစ်သွားပြီ” လို့ ပြောပါတယ်။

စစ်တွေဒေသခံတွေဟာ စားဝတ်နေရေး အကျပ်အတည်းကြောင့် စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြဘူးလို့လည်း သိရပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

2 Comment

maxispin_u_ffOt မတ် 2, 2026 - 8:51 မနက်

For those seeking an exceptional online gaming experience, us.com](https://maxispin.us.com/) stands out as a premier destination. At Maxispin Casino, players can enjoy a vast array of pokies, table games, and other thrilling options, all accessible in both demo and real-money modes. The casino offers attractive bonuses, including free spins and a generous welcome offer, along with cashback promotions and engaging tournaments. To ensure a seamless experience, Maxispin provides various payment methods, efficient withdrawal processes, and reliable customer support through live chat. Security is a top priority, with robust safety measures and a strong focus on responsible gambling tools. Players can easily navigate the site, with detailed guides on account creation, verification, and payment methods. Whether you’re interested in high RTP slots, hold and win pokies, or the latest slot releases, Maxispin Casino delivers a user-friendly and secure platform. Explore their terms and conditions, read reviews, and discover why many consider Maxispin a legitimate and trustworthy choice in Australia.
Utilizing AI technology, MaxiSpin.us.com makes sure your content excels in the competitive market.

**Features of MaxiSpin.us.com**
One of the standout features of MaxiSpin.us.com is its ability to generate content in multiple languages.

**Benefits of Using MaxiSpin.us.com**
The platform’s scalability ensures that it meets the needs of users regardless of their size or industry.

maxispin_a_cdPl မတ် 6, 2026 - 4:34 ညနေ

Discover the thrill of real-money live casino action at Evolution Gaming AU casino, where you can enjoy live dealers, top software providers, and exclusive promotions.
Frequent updates ensure maxispin-au.com stays current with technology and user input.

Add Comment