လက်တွဲခေါ်ဆောင်ပေးလို့ AA ကို ကျေးဇူးတင်ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ပြော

အာရက္ခတိုင်းမ်စ် (၂၂ စက်တင်ဘာ ၂၀၂၅)

ရှေ့တန်း စစ်မြေပြင် အတွေ့အကြုံများ ရရှိရန် လက်တွဲခေါ်ခြင်းတို့ဖြင့် ကူညီပေးတဲ့ အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) က စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

“ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ကျစ်လစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေးအတွက် စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းထောက်ပံ့ခြင်း၊ ရိက္ခထောက်ပံ့ခြင်းနဲ့ ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံများရရှိနိုင်ရန် လက်တွဲခေါ်ခြင်းတို့ဖြင့် ကူညီပေးပါသော အာရက္ခတပ်တော် အာလဖာ (၃) စစ်ဒေသကို အထူးကျေးဇူးတင်ရှိပါတယ်” လို့ ချင်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) က ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်မှာ အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ( ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် ကြေညာချက်ကို စက်တင်ဘာလ ၂၁ ရက်က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး “ မိမိတို့အကြား ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက် တည်ဆောက်သွားပါမယ်” လို့လည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) က ဆိုပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဟာ ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၄ မြို့နယ်အတွင်း ပြန့်ကျဲနေထိုင်ကြတဲ့ ဒိုင်ရ်မျိုးနွယ်စုတွေ စုစည်းပြိီး ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ