AA စခန်းတွေကို သိမ်းပိုက်ခံရခြင်းမရှိဘူးလို့ ဦးခိုင်သုခ ပြော

အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေ သိမ်းပိုက်ခံရခြင်း မရှိပါဘူးလို့ ဦးခိုင်သုခံက ဆိုပါတယ်။

“မောင်တောမြောက်ပိုင်း နယ်စပ်မိုင်တိုင် ၅၆ အနားမှာရှိတဲ့ ကျနော်တို့ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက လာရောက် ပစ်ခတ်တာတော့ ရှိပါတယ်။ ကျနော်တို့ဖက်က တန်ပြန်ခြေမှုန်းရေးလုပ်လို့ ဘင်္ဂလားနိုင်ငံဖက်ကို ဝင်ပြေးသွာတာ ရှိပါတယ်။ ကျနော်တို့ စခန်းကို သိမ်းပိုက်တာမျိုး လုံးဝမရှိပါ” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ARSA အဖွဲ့က စက်တင်ဘာလ ၂၂ ရက်တွင် အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်တဲ့အပေါ် အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ဒီရက်ပိုင်းအတွင်း မောင်တောနယ်စပ် တမန်းသားရွာနဲ့ အခြားအနီးအနားရွာက ရွာသား ၁၀ ယောက်လောက် ပျောက်နေပြီး မူဆလင် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားကာ တချို့ကို ဘင်္ဂလားဖက်ကို ဖမ်းခေါ်သွားပါတယ်။ တချို့ကိုလည်း သတ်ပစ်ခဲ့လို့ အလောင်း ၂ လောင်းကို ရှာဖွေ တွေ့ရှ်ိထားပါတယ်။ ကျန်တဲ့သူတွေလည်း အသတ်ခံရဖို့ များတယ်” လို့လည်း ဦးခိုင်သုခက ဆိုပါတယ်။

ရက္ခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်ရဲ့ တချို့နေရာတွေမှာ ARSA ၊ RSO စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ မူဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက် ရှိနေတာကြောင့် နယ်စပ်နေ ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ လုံခြုံရေး သတိပေးချက်တစ်ရပ်ကို အာရက္ခတပ်တော်က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေ သိမ်းပိုက်ခံရခြင်း မရှိပါဘူးလို့ ဦးခိုင်သုခံက ဆိုပါတယ်။

“မောင်တောမြောက်ပိုင်း နယ်စပ်မိုင်တိုင် ၅၆ အနားမှာရှိတဲ့ ကျနော်တို့ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက လာရောက် ပစ်ခတ်တာတော့ ရှိပါတယ်။ ကျနော်တို့ဖက်က တန်ပြန်ခြေမှုန်းရေးလုပ်လို့ ဘင်္ဂလားနိုင်ငံဖက်ကို ဝင်ပြေးသွာတာ ရှိပါတယ်။ ကျနော်တို့ စခန်းကို သိမ်းပိုက်တာမျိုး လုံးဝမရှိပါ” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ARSA အဖွဲ့က စက်တင်ဘာလ ၂၂ ရက်တွင် အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးစခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်တဲ့အပေါ် အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ဒီရက်ပိုင်းအတွင်း မောင်တောနယ်စပ် တမန်းသားရွာနဲ့ အခြားအနီးအနားရွာက ရွာသား ၁၀ ယောက်လောက် ပျောက်နေပြီး မူဆလင် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားကာ တချို့ကို ဘင်္ဂလားဖက်ကို ဖမ်းခေါ်သွားပါတယ်။ တချို့ကိုလည်း သတ်ပစ်ခဲ့လို့ အလောင်း ၂ လောင်းကို ရှာဖွေ တွေ့ရှ်ိထားပါတယ်။ ကျန်တဲ့သူတွေလည်း အသတ်ခံရဖို့ များတယ်” လို့လည်း ဦးခိုင်သုခက ဆိုပါတယ်။

ရက္ခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်ရဲ့ တချို့နေရာတွေမှာ ARSA ၊ RSO စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ မူဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက် ရှိနေတာကြောင့် နယ်စပ်နေ ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ လုံခြုံရေး သတိပေးချက်တစ်ရပ်ကို အာရက္ခတပ်တော်က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Related posts

ရက္ခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုး ဆာမူရိုင်းများကို ရှာဖွေခြင်း (၁)

အမ်းမြို့နယ် တလိုင်းတောင်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ကျားမသောက်တပ်ရင်းကို AA တိုက်ခိုက်လို့ ရွေးတုအစိုးရတပ် သေဆုံး ထိခိုက်မှုရှိ