ဘူးသီးတောင် မောင်တောက ပြည်သူ ၅၀၀၀ ကို HDCO က လူသားချင်းစာနာ အကူအညီပေး

အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်က ပြည်သူ ၅၀၀၀ ကျော်အတွက် HDCO က လူသားချင်းစာနာမှု အကူအညီပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“ ပေးတာကတော့ ဆန်၊ တာပေါ်လင်၊ ကိုယ်ဝန်အားတိုးဆေး၊ မျိုးစပါးနဲ့ ငွေသား ပေးတာပါ” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ဩဂုတ်လအတွင်း ရက္ခိုင်ပြည် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ရှိ မူဆလင်ကျေးရွာ ၁၀ ရွာကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ အိမ်ထောင်စု အရေအတွက်ကတော့ တိတိကျကျပြောရမယ်ဆိုရင် ၇၈၉ စု၊ လူဦးရေ စုစုပေါင်း ၅၀၀၄ ဦးအတွက် စာနပ်ရိက္ခာနဲ့ အမိုးအကာ စတာတွေကို ပေးခဲ့တာပါ” လို့ HDCO တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

HDCO အနေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်က မူဆလင် ကျေးရွာ ၁၀ ရွာကို ဆန် ၄၂၉ အိတ်၊ တာပေါ်လင် ၂၄၈ ချပ်၊ ငွေသား ၆,၈၈၀,၀၀၀ ကျပ်၊ ကိုယ်ဝန်ဆောင်အားဆေး ၂၀၉ ကဒ် နဲ့ မျိုးစပါး ၂၀ အိတ် ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

4 Comment

Tracyrewly မတ် 15, 2026 - 7:59 ညနေ

да да да привет привт

DonaldBib မတ် 15, 2026 - 11:43 ညနေ

ghbdtn привет

StephenSlaby မတ် 16, 2026 - 8:21 မနက်

Howdy! Do you use Twitter? I’d like to follow you if that would be okay. I’m definitely enjoying your blog and look forward to new updates.
viagraonline

Douglasjuh မတ် 19, 2026 - 1:45 မနက်

https://doskazaymov.kz/ В Уральск Doskazaymov.kz помогает проверить перекредитование займов МФО если уже были отказы по заявкам и оценить ежемесячный платеж

Add Comment