NewsPolitic

ဘူးသီးတောင် မောင်တောက ပြည်သူ ၅၀၀၀ ကို HDCO က လူသားချင်းစာနာ အကူအညီပေး

အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်က ပြည်သူ ၅၀၀၀ ကျော်အတွက် HDCO က လူသားချင်းစာနာမှု အကူအညီပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“ပေးတာကတော့ ဆန်၊ တာပေါ်လင်၊ ကိုယ်ဝန်အားတိုးဆေး၊ မျိုးစပါးနဲ့ ငွေသား ပေးတာပါ” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ဩဂုတ်လအတွင်း ရက္ခိုင်ပြည် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ရှိ မူဆလင်ကျေးရွာ ၁၀ ရွာကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

“အိမ်ထောင်စု အရေအတွက်ကတော့ တိတိကျကျပြောရမယ်ဆိုရင် ၇၈၉ စု၊ လူဦးရေ စုစုပေါင်း ၅၀၀၄ ဦးအတွက် စာနပ်ရိက္ခာနဲ့ အမိုးအကာ စတာတွေကို ပေးခဲ့တာပါ” လို့ HDCO တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

HDCO အနေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်က မူဆလင် ကျေးရွာ ၁၀ ရွာကို ဆန် ၄၂၉ အိတ်၊ တာပေါ်လင် ၂၄၈ ချပ်၊ ငွေသား ၆,၈၈၀,၀၀၀ ကျပ်၊ ကိုယ်ဝန်ဆောင်အားဆေး ၂၀၉ ကဒ် နဲ့ မျိုးစပါး ၂၀ အိတ် ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းတွင် တောင်ပြို/မြေပြို အန္တရာယ် အလွန်စိုးရိမ်ရ

Rakhita Times

ရမ်းဗြဲရှိ စစ်ရှောင်ပြည်သူတွေ စပါးမပေါ်မီ ကြားကာလတွင် အငတ်ဘေးနဲ့ ရင်ဆိုင်နေရ

Rakhita Times

ရုရှားကို စစ်လက်နက်အကြွေးရောင်းပေးဖို့ မင်းအောင်လှိုင် သွားဆွေးနွေးတာ ဖြစ်နိုင်

Rakhita Times

20 comments

Leave a Comment