အရပ်သားပြည်သူများကို သတ်ဖြတ်နေတဲ့ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေကြောင့် မောင်တောမြောက်ပိုင်းဒေသခံများ လုံခြုံရေး စိုးရိမ်နေရ

အာရက္ခတိုင်းစ်မ် (၃ အောက်တိုဘာ ၂၀၂၅)

ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ မောင်တောမြို့နယ်တွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင် မွတ်ဆလင်အုပ်စုများဖြစ်ကြတဲ့ (ARSA) တပ်ဖွဲ့များက ဒေသခံများအား ဖမ်းဆီးကာ သတ်ဖြတ်မှုများမှုကို ကျူးလွန်နေကြပါတယ်။

အဲ့ဒီလို သတ်ဖြတ်မှုတွေ ရှိလာတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးဟာ စိုးရိမ်စရာ ကောင်းလာနေတယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုကြပါတယ်။

ရွာအနီးအနားရှိ တောင်တန်းများတွင်လည်း အာဆာတပ်ဖွဲ့ဝင်များ စိမ့်ဝင်ပြီး ရှိနိုင်တဲ့အတွက် လုံခြုံရေးသတိ အမြဲထားနေရတယ်လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

“အာဆာနဲ့ပတ်သက်ပြီးတော့ ဒေသခံအများစုက စိုးရိမ် ထိတ်လန့်နေကြတယ်။ အသွားအလာပြတ်တဲ့ နေရာတွေမှာဆိုရင် လူတယောက်၊ နှစ်ယောက်လောက်နဲ့ မသွားရဲကြဘူး။ ရွာအနီးအနားက တောင်တန်းတွေမှာဆိုရင်လည်း အာဆာတွေက ရှိနိုင်တယ်။ သူတို့က အချိန်မရွေး ပြည်သူတွေကို အကြမ်းဖက်နိုင်တယ်။ အမြဲတမ်း လုံခြုံရေးအတွက် စိုးရိမ်နေရတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် မိမိတို့ လုပ်ကိုင်စားသောက်နေကြတဲ့ တောတောင်၊ လယ်ယာများသို့ သွားရောက်ရန်အတွက် စိန်ခေါ်မှုများ ရှိနေတဲ့အတွက် စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ရိမ်သိမ်းရန်အတွက်လည်း စိန်ခေါ်မှုတွေက ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလို မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ပြုမှုတွေကြောင့် မောင်တောဒေသခံတွေအပါအဝင် ကုန်သည်တွေမှာ ကုန်သွယ်လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာလည်း အဆင်မပြေ ဖြစ်နေကြတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ ကုန်သည်တွေ အရောက်နည်းတာ အတော်ကြာပြီ။ ကုန်သွယ်မှုတွေက မရှိသလောက် ဖြစ်သွားပြီ။ သူတို့တွေ အနှောင့်အယှက် စပေးတဲ့အချိန်ကနေပေါ့။ အခု တောင်ပြို၊ မီးတိုက်စျေးကွက်ဆိုရင် ကုန်သွယ်ဖောက်ကားမှု မရှိဘူးလို့တောင် ပြောလို့ရတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

နောက်ထပ်ဒေသခံတဦးကလည်း မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) နှင့် (ARSA) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးမှာကို စိုးရိမ်နေကြတယ်။ တိုက်ပွဲဖြစ်လာရင် ဘယ်ကိုပြေးရမလဲ တွေးပူနေကြတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ ညနေ (၃) နာရီခန့်အချိန်မှာလည်း အာရက္ခတပ်တော် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောနယ်စပ်မှာ လုံခြုံရေးဆောင် ရွက်နေစဉ် မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာတွင်ရှိ ငှက်ပျောတောအုပ်ထဲနေရာမှာ အရည်ပျော်ပြီး အရိုးစုများသာ ကျန်ရှိတော့တဲ့ အလောင်း (၆) လောင်းကို ရုပ်ပျက်ဆင်းပျက် အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ အောက်တိုဘာ (၁) ရက်နေ့မှာ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

အလောင်းတွေကို ငှက်ပျောတောအုပ်အတွင်း အလောင်း တလောင်းစီကို နေရာ (၂) ခု ဖြင့်လည်းကောင်း၊ နှစ်လောင်းစီကို နေရာ (၂) ခု ဖြင့်လည်းကောင်း အလောင်း (၆) လောင်းအား နေရာ (၄) ခု ခွဲပြီး စွန့်ပစ်ထားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ထိုရုပ်အလောင်းတွေမှာ အာရက္ခတပ်တော်ရဲ့ လုံခြုံရေး စခန်းနှစ်ခုကို တိုက်ခိုက်ရန်လာကြတဲ့ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေရဲ့ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့မောင်တောနယ်စပ် တမန်းသားရွာနှင့် ဒုံးညိုရွာများမှ ပျောက်ဆုံးနေသော ရွာသားများအနက်မှ (၆) ဦးရဲ့ ရုပ်အလောင်းများ ဖြစ်နိုင်ကြောင်း ကနဦး ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အလောင်းတွေကိုတွေ့ရတဲ့ နေရာရဲ့ စိုထိုင်းမှု လွန်ကဲမှုနဲ့ စနစ်တကျ မမြှုပ်နှံဘဲ စွန့်ပစ်ထားခဲ့မှုတွေကြောင့် အလောင်းတွေမှာ အရည်ပျော်ပြီး အရိုးများသာ ကျန်တော့တဲ့အတွက် မှုခင်းဆေးပညာဝန်ထမ်းတွေနဲ့အတူ လူပျောက်မိသားစုတွေ ပူးပေါင်းပြီး အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲခြမ်းလျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်းက အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့ဟာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နှင့် (၅၇) အကြား ပွိုင့် (၆၀၁) ကုန်းရှိ အာရက္ခတပ်တော်ရဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းတို့ကို သိမ်းပိုက်ရန်ရည်မှန်းချက်နဲ့ သူတို့အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ နည်းလမ်းမျိုးစုံနဲ့အချိန်ယူ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Related posts

ကျောက်တော် ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးခဲ့ရသူများကို ULA ထောက်ပံ့

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ

စစ်တွေတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

1 Comment

JohnnyFiemo စက်တင်ဘာ 17, 2026 - 1:14 ညနေ

Ниже представлен перечень основных направлений, используемых в современной наркологической помощи. Этот список отражает комплексный подход к лечению зависимостей.
Ознакомиться с деталями – наркологическая помощь на дому круглосуточно в перми

Add Comment