လမ်းမဧရိယာအတွင်း အဆောက်အအုံသစ် ကျူးကျော်မဆောက်ရန် AA က အသိပေး

အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက လမ်းဧရိယာအတွင်းမှာ အဆောက်အအုံအသစ်များ ကျူးကျော်ဆောက်လုပ်ခြင်း မပြုလုပ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေး ထုတ်ပြန်ပါတယ်။

“ အဓိကကတော့ ယာဉ်တိုက်မှုကြောင့် ပြည်သူတွေ အသက်အန္တရာယ်အတွက် စိုးရိမ်လို့ လုပ်ဆောင်တာပါ။ လူတွေက လမ်းမကြီးတွေမှာ ကျူးပြီး ဆိုင်ခန်းတွေ ဆောက်တာတွေရှိလို့ အခုလို တရားဝင် ထုတ်ပြန် အသိပေးတာလို့ ထင်ပါတယ်” လို့ ကျောက်တော်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အများပြည်သူပိုင် ခရိုင်ချင်းဆက်ဧရိယာ အကျယ်ပေ (၁၅၀)၊ မြို့နယ်ချင်းဆက် လမ်းဧရိယာ အကျယ်ပေ (၁၀၀)၊ ကျေးရွာချင်းဆက် လမ်းဧရိယာအကျယ် ပေ (၃၀) အတွင်း မည်သူမျှ အဆောက်အအုံအသစ် ကျူးကျော် ဆောက်လုပ်ခြင်း မလုပ်ရလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးထားပါတယ်။

အထက်ပါ အသိပေး ထုတ်ပြန်ချက်ဟာ အာရက္ခပြည်အတွင်း ပြည်သူများ မလိုလားအပ်ဘဲ ယာဉ်တိုက်မှုများကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးခြင်းမှ ကာကွယ်တားဆီးနိုင်ရနတ်အတွက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို အာရက္ခပြည်သားပီသစွာနဲ့ ပူးပေါင်းပြီး လိုက်နာဆောင်ရွက်ဖို့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

2 Comment

Philipgrous ဇန်နဝါရီ 23, 2026 - 8:25 မနက်

Нужен проектор? projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.

Wayneembep ဇန်နဝါရီ 29, 2026 - 10:32 မနက်

Лучшее казино ап икс казино играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.

Add Comment