NewsPolitic

လမ်းမဧရိယာအတွင်း အဆောက်အအုံသစ် ကျူးကျော်မဆောက်ရန် AA က အသိပေး

အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက လမ်းဧရိယာအတွင်းမှာ အဆောက်အအုံအသစ်များ ကျူးကျော်ဆောက်လုပ်ခြင်း မပြုလုပ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေး ထုတ်ပြန်ပါတယ်။

“အဓိကကတော့ ယာဉ်တိုက်မှုကြောင့် ပြည်သူတွေ အသက်အန္တရာယ်အတွက် စိုးရိမ်လို့ လုပ်ဆောင်တာပါ။ လူတွေက လမ်းမကြီးတွေမှာ ကျူးပြီး ဆိုင်ခန်းတွေ ဆောက်တာတွေရှိလို့ အခုလို တရားဝင် ထုတ်ပြန် အသိပေးတာလို့ ထင်ပါတယ်” လို့ ကျောက်တော်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အများပြည်သူပိုင် ခရိုင်ချင်းဆက်ဧရိယာ အကျယ်ပေ (၁၅၀)၊ မြို့နယ်ချင်းဆက် လမ်းဧရိယာ အကျယ်ပေ (၁၀၀)၊ ကျေးရွာချင်းဆက် လမ်းဧရိယာအကျယ် ပေ (၃၀) အတွင်း မည်သူမျှ အဆောက်အအုံအသစ် ကျူးကျော် ဆောက်လုပ်ခြင်း မလုပ်ရလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပေးထားပါတယ်။

အထက်ပါ အသိပေး ထုတ်ပြန်ချက်ဟာ အာရက္ခပြည်အတွင်း ပြည်သူများ မလိုလားအပ်ဘဲ ယာဉ်တိုက်မှုများကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးခြင်းမှ ကာကွယ်တားဆီးနိုင်ရနတ်အတွက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို အာရက္ခပြည်သားပီသစွာနဲ့ ပူးပေါင်းပြီး လိုက်နာဆောင်ရွက်ဖို့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

Related posts

တပ်ချုပ်သစ် အပြောင်းအလဲ စစ်ရေးအခြေအနေ ဘယ်လိုရှိနိုင်လဲ

Rakhita Times

ငပြီကျွန်းကို ကမ်းတက်တဲ့ စစ်ကောင်စီတပ် လူ ၅၀ ခန့် ကျဆုံးလို့ AA ပြော

Rakhita Times

ဘင်္ဂလီတွေ နေရပ်ပြန်ဖို့ AA နဲ့ ဆွေးနွေးဖို့ ကုလ ပြောတဲ့အပေါ် ဒေါက်တာအေးမောင် ဘာပြောလဲ

Rakhita Times

77 comments

Leave a Comment