အာရက္ခတိုင်းမ်စ် (၂၅ အောက်တိုဘာ ၂၀၂၅)
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အနေနဲ့ လက်ရှိမှာ စစ်ကော်မရှင်ထံ စစ်ရှုံးရခြင်းရဲ့ အဓိကအားနည်းချက်ဟာ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှုကို အားစိုက် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
TNLA အနေနဲ့ လက်ရှိမှာ စစ်ကော်မရှင်ထံ နယ်မြေတွေ ပြန်ပါနေရတာဟာ ကျရှုံးမှုတစ်ခု မဟုတ်ဘဲ ဆက်မထိန်းနိုင်တဲ့အတွက်သာ ဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကျရှုံးမှုလို့တော့ ပြောလို့ မရဘူး ထင်တယ်။ သူတို့ ဆက်မထိန်းနိုင်တာသာ ဖြစ်တယ်လေ။ ဘာလို့လဲဆို သူတို့ရဲ့ အခြေခံဒေသလေးတော့ သူတို့ ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်သေးတာကို။ သူတို့ ဒေသလေး သူတို့ ထိန်းသိမ်းထားတယ်။ သူတို့ ဒေသလေးမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်တယ်၊ ပညာရေးတို့ ဘာတို့၊ ကျရှုံးတယ်လို့တော့ ပြောလို့ မရပါဘူး။ သူတို့ တချို့နယ်တွေ ပြန်ပေးလိုက်ရတာတော့ ရှိတာပေါ့။ သူတို့လည်း ကိုယ့်ဘာသာကိုယ်တော့ နိဂုံးချုပ်မယ် ထင်တယ်။ အခု ကျမတို့ တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့တွေ အချင်းချင်းကြားမှာ စည်းလုံးမှု၊ ညီညွတ်မှု၊ တပ်ပေါင်းစုဖွဲ့မှုမှာ အားနည်းမှုတွေ ရှိတာကို အဲဒါကြောင့်မို့လို့ ထင်တယ်။ TNLA ကလည်း သူက အောင်မြင်ပြီးတဲ့နောက်မှာ နည်းနည်း သူ့ရဲ့အားနည်းချက် ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနိုင်အောင်၊ စည်းရုံးနိုင်အောင် လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရှိရဲ့သားနဲ့ သူ အဲဒါကို အားစိုက် မလုပ်ခဲ့တာလေ။ အဲဒီတော့ အားနည်းချက်လို ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကျမကြည့်တယ် သူတို့တွေ တော်လှန်ရေးသမားတွေ ဖြစ်ကြတာ၊ တော်လှန်ရေးကလည်း မနေ့တစ်နေ့ကမှ လုပ်တာ မဟုတ်ဘူးလေ။ နှစ်ကို ဆယ်နဲ့ချီပြီးတော့ လုပ်လာတာဖြစ်တော့ သူတို့ ဒီလို အတက်အကျမျိုးတွေ ကြုံဖူးပါတယ်။ သူတို့ ကျော်နိုင်မှာပါ” လို့ သူက ပြောပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်အတွင်းရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့တွေကို TNLA က သိမ်းပိုက်ခဲ့တာပါ။
ဒီအခင်းအကျင်းမှာ တရုတ်နိုင်ငံ ကြားဝင်မှုကြောင့် အကြမ်းဖက်စစ်တပ်နဲ့ TNLA တပ်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို ပြန်ပေးဖို့ စစ်တပ်က တောင်းဆိုရာ TNLA က လက်မခံတဲ့အတွက် ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီး စစ်ကော်မရှင်ဘက်မှ တောင်ခမ်းမှ နောင်ချိုကို ခြောက်လအကြာ ထိုးစစ်ဆင်ပြီး အခုနှစ် ဇူလိုင်လမှာ နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။
ဩဂုတ်လကုန်မှာ ကျောက်မဲမြို့အား ထိုးစစ်ဆင်ခဲ့ရာ တလကျော်အကြာ အောက်တိုဘာလ ၁ ရက်နေ့မှာ ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လဝက်အကြာမှာတော့ သီပေါမြို့အား ထပ်မံ သိမ်းပိုက်ခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်တောင်းဆိုထားတဲ့ မြို့ ငါးမြို့အနက် သုံးမြို့အား TNLA က လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။
TNLA အနေနဲ့ ရှမ်းပြည်သားအချင်းချင်း တွေ့ဆုံဆွေးနွေးပြီး ပြောကြမယ်ဆိုပါက ပြေလည်လာနိုင်တဲ့ ကိစ္စဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒါပေမယ့် ဒီပလောင် သို့မဟုတ် တအာင်းတွေရဲ့ စဉ်းစားမှုကိုလည်း ကျနော် နားလည်သဘောပေါက်မှု ရှိပါတယ်။ ဒီဥစ္စာတွေဟာ ကျနော်တို့ ရှမ်းပြည်သားအချင်းချင်း တွေ့ဆုံဆွေးနွေးပြီးတော့မှ ပြောကြမယ်ဆိုရင် ဒါဟာ ပြေလည်လာနိုင်တဲ့ ကိစ္စဖြစ်တယ်။ ကျော်လွှားနိုင်တဲ့ ကိစ္စဖြစ်တယ်ဆိုတာတော့ ကျနော် ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိတွင် စစ်တပ်ကတော့ သူတို့ တောင်းဆိုထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ထိုးစစ်ဆင်နေပြီး TNLA ထိန်းချုပ် ဒေသရှိ အရပ်သားပစ်မှတ်တွေကိုလည်း နေ့စဉ်နီးပါး ဗုံးကြဲလျက်ရှိနေတာပါ။
7 Comment
Yo, the jilievoapplogin is pretty straight forward. No frills, gets you into the game quickly. The app itself could be smoother, but hey, it works! If you are looking for the login portal, it’s at jilievoapplogin.
need a video? italian produdtion company offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Все рабочие адреса на зеркало кракен обновляется каждый день для круглосуточного доступа к маркетплейсу
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу