ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ မောင်တောဒေသခံတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ နိုဝင်ဘာလ ၁၄ ရက်က ဒေသခံတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ လဘော်ဝချောင်းနဲ့ သံပုရာချောင်းကြားက ဝါးတောမှာ ဝါးသွားခုတ်ကြတာ။ အဲဒီမှာ သူက မိုင်းတက်နင်းမိလို့ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားပြီး လမ်းမှာပဲ သွေးထွက်လွန်ပြီး ဆုံးသွားတာ” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့သေဆုံးသွားသူမှာ ရက္ခိုင်ပြည် မောင်တောမြို့နယ် ခုန်တိုင်ရွာက အသက် ၄၂ နှစ် အရွယ် ဦးဒေါင်ရွိင် ဖြစ်တယ်လို့ သိရပါတယ်။

“ သွားတာကတော့ ရွာက ရွာသားတွေနဲ့အတူ ဝါးခုတ်သွားကြတာ။ ပေါက်ကွဲသံကြားရတာတော့ မနက် ၈ နာရီခွဲလောက်မှာ။ ကျန်တဲ့သူတွေတော့ ဘာမှ မဖြစ်ပါဘူး” လို့ သူက ထပ်မံ ပြောပါတယ်။

ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့‌ သေဆုံးသွားခဲ့တဲ့ ဦးဒေါင်ရွိင်ရဲ့ ရုပ်အလောင်းကိုတော့ မနေ့က (၁၅ နိုဝင်ဘာ) မှာ မီးသင်္ဂြိုလ်လိုက်တယ်လို့လည်း သိရပါတယ်။

Related posts

ULA/AA၊ အာရက္ခပြည်သူများနဲ့ ပဉ္စသိင်္ခနတ်စောင်းသံ

AA မိုင်းဆွဲလို့ ဒဏ်ရာရရှိသွားတဲ့ စကမ ဗိုလ်မှူး သေဆုံး၊ မနေ့က ရွှေမြင်တင်တွင် သင်္ဂြိုလ်

ကျောက်ဖြူ ကြတ္တိန်ရွာကို စကမ ထပ်မံ ဗုံးချ၊ ပြည်သူ ၃ဦး ဒဏ်ရာရ